Year: 2011

Google+ Games

Google က မနေ့ကပဲ Google+ အတွက် Game ကို စဆော့လို့ရပါပြီ။ Game ဆော့ချင်တဲ့ သူတွေအတွက်တော့ ပျော်စရာပေါ့။ မဆိုးပါဘူး တော်တော်လေးတော့ရှိပါတယ်။ Facebook လောက်တော့ မဆုံသေးဘူး။ နောက်ပိုင်းအသစ်တွေ ထက်ထွက်ဖို့တော့ရှိမှာပါ။ အခုလောလောဆယ်တော့ ၁၅ခုလောက်ပဲရှိအုံးမယ်။ Angry Birds, Diamond Dash, Bubble Island, City of Wonder ကတော့ ကျွန်တော့ အကြိုက်ဆုံးဂိမ်းတွေပါဘဲ။ တော်တော်များများကတော့ Chrome မှာလည်းဆော့လို့ရတဲ့ ဂိမ်းလေးတွေပါ။ နောက်ထက်ကောင်းတာတစ်ခုက ဂိမ်း တွေကို tab တစ်ခုလို ခွဲထုတ်ထားတာပါ။ ပြီးတော့ Featured Games, All Games, Game Notifications and Recent Played ဆိုပြီး အမျိုးအစားတွေခွဲထားတော့ …

Google+ Song

အခုတလော ခေတ်စားလာတဲ့ Google + အကြောင်းကို ဆိုထားတာပါ။ နားထောင်ကြည့်ရင်းနဲ့ Google+ ကဘာလည်း၊ ဘယ်လိုသုံးရတာလည်း၊ ဘာတွေကောင်းလည်းဆိုတာ တွေကိုပါ တခါတည်းဆိုထားပါတယ်။ သီချင်းကို ပိုနားလည်အောင် စာသားလေးပါထဲ့ပေးလိုက်ပါတယ်..     ဒါကတော့ သီချင်းစာသားလေးပါ။ Google+ invitation လိုချင်တယ်ဆိုရင် ကျွန်တော့ဆီမှာတောင်းနိုင်ပါတယ်.. လောလောဆယ်တော့ ၁၅၀လောက်ပဲကျန်တော့ပါတယ်။ နောက် အကောင့်သစ်တစ်ခုထက်လုပ်ပြီး Invite လုပ်ပေးပါ့မယ်။ LYRICS: Check my email, got an invite To a website I don’t know Looked like googlebuzz at first sight, But my friend said that’s a …

သံရုံးသို့ သုံးနှစ်တစ်ခါ…

Embassy မှာတစ်နေ့ကုန်သွားတယ်.. passport အသစ် သွားလုပ်တာပါ။ ဟိုးအရင်တုန်းကလိုတော့ အကြာကြီး မစောင့်ရတော့ဘူးလေ။ တော်တော်မြန်သွားတယ်လို့ ဆိုရမယ်။ ဒီလိုလုပ်ပေးသင့်တာကြာနေပါပြီ။ မဟုတ်ရင် လူတိုင်းမသွားချင်တဲ့ နေရာဆိုရင် မြန်မာသံရုံးလို့ လူတိုင်းပြောတော့မယ်။ မြန်တယ်ဆိုတာက ကျောင်းသားဖြစ်တာကြောင့်လည်းပါတယ်။ အလုပ် လုပ်နေတယ်ဆိုရင်တော့ ထုံးစံအတိုင်းပေါ့ အခွန်ဆောင်ဖို့ တန်းစီ၊ နာမည်ခေါ်တာစောင့်၊ ပြီးရင် $ ပေးပေါ့။ ကျွန်တော်က ကျောင်းပဲတတ်နေတော့ ရှင်းပါတယ်။ ပွဲစားနဲ့မလုပ်ချင်လို့ ကိုယ့်ဟာက ိုသွားလုပ်မယ်ဆိုပြီး သွားလုပ်တာ။ အရမ်းမခတ်လို့တော်သေးတာပေါ့။ အရင်ဆုံးလုပ်ရမှာက ကျောင်းကနေ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာကို အရင်တောင်း ပြီးရင် ကျောင်းသားကဒ်၊ ကျောင်းသားပတ်စ်၊ Passport မိတ္တူ စတာတွေကို အရင်ပြင်ဆင်ထား။ သတိထားရမှာက ကျောင်းသားဖြစ်ကျောင်းထောက်ခံစာတွေက မူရင်းပေးရတယ်။ ပြီးတော့ ဒီကိုရောက်တဲ့နှစ်ကနေ စပြီး ဒီမှာဘာတွေလုပ်နေလည်းဆိုပြီး အားလုံးကို …

Depreciation of Knowledge!

အစတုန်းကတော့ java ကို ကျောင်းမှာသင်ခဲ့တာတွေရေးမယ်ဆိုပြီး စရေးခဲ့တယ်.. နောက်ပိုင်း assignment ကိစ္စနဲ့ ကောင်းကောင်း ဆက်မရေးဖြစ်ဘူး.. နောက်တစ်ခုက ဘားမှ ရေရေရာရာ မသိပဲနဲ့ ရေးနေတာ မကောင်းသလို့ဖြစ်နေတယ်.. အရင်လေ့လာပြီးတော့မှ သေသေချာချာ ပြန်ရေးမယ်လို့ စဉ်းစားမိလာလို့။ နည်းနည်းသိပြီးများများ ပြောနေသလို့ ဖြစ်နေသလို ခံစားရလာလို့ ဆက်မရေးဖြစ်တော့ပဲ ဒီအတိုင်းထားလိုက်တာ။ သေသေချာချာ ပြန်စဉ်းစားလိုက်တော့ ကျွန်တော် ဘယ် Programming Language ကိုမှ ကျွမ်းကျွမ်း ကျင်ကျင် မသိဘူးဆိုတာပဲ။ ကျောင်း ပထမနှစ်မှာ Python Programming ကိုသင်ခဲ့ရတယ်.. ကောင်းကောင်းမွန်မွန် နားလည်ခဲ့တယ်လို့ ထင်ခဲ့တယ်.. နောက်ပိုင်း ဆက်မလေ့လာ ဖြစ်တော့ဘူး။ ကျောင်းပြီးတာနဲ့ မေ့ထားခဲ့လိုက်တယ်။ အခုနောက်ပိုင်း ပြန်လုပ်တော့ ဘယ်က စရေးရမလဲ မသိတော့ဘူး။ Junior …

What is Cloud Computing?

Cloud Computing ဆိုတာတော်တောလေးကို ခာတ်စားလာနေပါပြီ။ တော်တော်များများ ကတိမ်တွေပေါမှာဖြစ်ကုန်ပါပြီ။ နောက်ပိုင်းဆို ဝင်းဒိုးတစ်ခုလုံးကိုတောင် Cloud ပေါတင်နိုင်မလားမသိဘူး။ ကျွန်တော်လည်း သေသေချာ မသိလို့ လိုက်ရှာရင်းနဲ့ YouTube မှာ ဗီဒီယိုတစ်ခု သွားတွေ့တယ်။ အဲ့ဒါလေးကို ကြည့်ပြီး တော်တော်နားလည်သွားတယ်။ မသိသေးသူများသိရအောင် တင်လိုက်တယ်။ ဟောင်းတော့ဟောင်းနေပြီ ဒါပေမဲ့ ပြောထားတာ တော်တော်စုံလို့ ဒီ ဗီဒီယိုလေးပဲ တင်လိုက်တယ်။

DhammaDroid is available at Android Market

DhammaDroid အကြောင်းမပြောခင် iDhamma အကြောင်း အရင် intro ဝင်ချင်ပါတယ်….. iDhamma iPhone application ကိုတော့ လူတော်တော်များများကြတယ်ထင်ပါတယ်။ မသိသေးသော သူများအတွက် နည်းနည်းပြောချင်ပါတယ်။ ဒီ application တီထွင်သူက မနက်ဆို အလုပ်သွားရင်း တရားတော်တွေ ရွတ်ဖတ်လေ့ရှိပါတယ်၊ အိပ်ဆောင် တရားစာအုပ်လေး ကိုအမြဲယူသွားရပါတယ်။ တခါတလေ စာအုပ်ယူဖို့ မေ့သွားတတ်လို့ Phone မှာ ထဲ့ဖို့ Idea ရလာတယ်လို့ဆိုပါတယ်။ အသေးစိတ်ကိုတော့ မူရင်းဆိုက် မှာ သွားကြည့်လို့ရပါတယ်။ iPhone application လိုချင်တယ်ဆိုရင်တော့ ဒီလင့် ကိုမှာ ရနိုင်ပါတယ်။ ကိုစေတန်ရဲ့ Dhaamma Stream အကြောင်းကိုတော့အရင် တုန်းကရေးဖူးပါတယ်။ လိုချင်ရင် တခါတည်း install သွားလို့ရပါတယ်။ အခုနောက်တမျိုး ကတော့ DhammaDroid …