အလုပ်လုပ်တာ ၂နှစ်ကျော် ၃နှစ်လောက် ရှိလာတော့ မသိမသာ နဲ့ မကောင်းတဲ့ အကျင့်တစ်ခု ရလာတယ်?။ အလုပ်ကို သေသေချာချာ သေသေသပ်သပ် မလုပ်တော့်ဘူး။ ဖြစ်သလိုနဲ့ ပြီးရင် ပြီးရော လုပ်တတ်လာတယ်။ အမှားများလာသလို လိုရင်လိုသလို ဖောပြီး ရွှီးတတ်လာတယ်။ ကိုယ်က ကျွမ်းကျင်တဲ့ အပိုင်းဆို ပိုပြီးတော့ ဖောတတ်လာတယ်။ အချိန်မလေးစားတော့သလို အလုပ်ကို ချက်ချင်းမလုပ်တော့ဘူး။ အချိန်ဆွဲပြီး လုပ်တတ်လာတယ်။ အရင်တုန်းကဆို အလုပ်တစ်ခု ရလာပြီဆို ချက်ချင်း လုပ်တယ်၊ မပြီးမချင်း မပြန်ဘဲလုပ်တယ်။ အခုနောက်ပိုင်းတော့ အချိန်ဘယ်လောက်ကြာမယ်၊ ဘယ်တော့မှ လာယူ၊ ပြီးရင်ပို့လိုက်မယ်၊ စသည်ဖြင့် အချိန်ဆွဲတတ်လာတယ်။ ကောင်းတာလား ဆိုးတာလားတော့ မသိ၊ ကိုယ်ပြောင်းလဲလာတာတော့ သိတယ်။
အလုပ်လုပ်တာ မြန်လာပေမယ့် အလုပ်မပြီးသလိုဖြစ်နေတယ်။ အလုပ်တွေကို ပြီးအောင်မလုပ်ဘဲ နေ့ရွှေ့ ညရွှေ့လုပ် ပြီး ပိုကြာသွားတာတွေရှိလာတယ်။ လောလောဆယ် ကျွန်တော် အလုပ်ခွင်မှာ အသစ် ၂ယောက်ရှိတယ်။ သူတို့ကို သင်ပေးနေရင်းနဲ့ ကိုယ်မသိခဲ့တာတွေ ပိုသိလာတယ်။ တချို့အခြေခံတွေဆို အခုမှ သေချာ ပိုပြီးနားလည်လာတယ်။ အလုပ်သင် ကောင်မလေးက ကျွန်တော်နဲ့ RP (Republic Polytechnic) မှာတုန်းက အတန်းတူ၊ သူကကျောင်းဆက်တတ်တော့ အခု NTU မှာ နောက်ဆုံးနှစ် တတ်ဖို့ အလုပ်သင်လာလုပ်နေတာ။ ကျွန်တော် သူနဲ့သိတုန်းက သူက ကျောင်းမှာ အဆင့် ၁ လို့ပြောလို့ရတယ်။ တစ်ကျောင်းလုံး သူ့ပုံတွေနဲ့ ကြေငြာထားတာ။ ကျွန်တော်နဲ့ တွဲလုပ်တော့ သူက စာတွေဘားမှ မမှတ်မိတော့သလို NTU မှာလဲ စာမလိုက်နိုင်ဘူးတဲ့၊ အလုပ်မှာလဲ အခြေခံကစပြီး ပြန်သင်ပေးနေရတယ်။ တစ်ချို့ဟာတွေဆို ဘားမှမခက်တဲ့ Logic တွေကို သူနားမလည်ဘူး။ သူ့ကိုကြည့်ပြီး ကျွန်တော် စဉ်းစားမိတာက ကျောင်းစာတွေ ဘယ်လိုပြီးပြီး အခုမှ အလုပ်စလုပ်တဲ့သူဟာ အလုပ်မလုပ်ဘူးတဲ့ သူပီပီ တချို့ကိစ္စတွေမှာ နားလည်လို့မရအောင်ဖြစ်မိတယ်။ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး သူကို အလုပ်လုပ်တတ်ဖို့၊ လူမှုရေး၊ စတာတွေကိုပါ နားလည်အောင် သင်ပေးတယ်။
တာဝန်တွေများလာတာကို ခွဲဝေပေးတဲ့ ပညာကျွန်တော် ကောင်းကောင်း မတတ်သေးဘူး။ သူများကို အားနာတတ်သလို၊ သူများလုပ်တာ စိတ်တိုင်းမကျဖြစ်လို့ ကိုယ်ပြန်လုပ်ရမှာကို တွေးပြီး နောက်ဆုံး ကိုယ်တိုင်ဘဲ အစအဆုံး လုပ်ဖြစ်သွားတယ်။ ခွဲပေးရမှာကိုလည်းသိတယ်၊ အဲ့ဒါကို မခွဲပေးတတ်တာ ကျွန်တော် ညံ့သေးတာလို့ဘဲ ထင်တယ်၊ ကြိုးစားပြီးတော့ လုပ်ခိုင်းရမယ်။ မဟုတ်ရင် ကိုယ်မရှိရင် ဘားမှလုပ်မရဖြစ်ကုန်ရင် ကိုယ်ဘဲ နားလို့မရ၊ ခွင့်ယူလို့မရ ဖြစ်နေလိမ့်မယ်။
စိတ်ထဲမှာရှိတာတွေ ချရေးလိုက်တာပါ၊ စာမရေးတာကြာတော့ ကောင်းကောင်းမရေးတတ်တော့ဘူး။ ရေးရမှာ ပျင်းတယ်။ အကျင့်ပြန်ရအောင် တစ်ပတ်တစ်ကြိမ်လောက်တော့ စာပြန်ရေးမယ်လို့ စဉ်းစားထားတယ်။ နောက်တစ်ခေါက်မှာ အကျိုးရှိတာလေးတွေ ရေးတော့မယ်။