စာမရေးနိုင်တော့ဘူးလို့ထင်ထားတာ။ အခုနည်းနည်းရေးလိုက်အုံးမယ်.. ဘာလို့လည်းဆိုတော့ နောက်တစ်ပတ်ကစပြီး စာမေးပွဲတွေပြီးသွားပြီလေ။ အဲဒါ အမျိုးတွေရောက်နေတာရော၊ မရောက်ဖူးတဲ့နေရာတွေသွားချင်တာရော၊ နားချင်တာရော အားလုံးပေါင်းပြီး ခရီးသွားမလို့ လောလောဆယ်တော့ မလေးရှားနဲ့ အင်ဒိုနှီးရှား နှစ်ခုသွားမလို့ စီစဉ်ထားတယ်။ ဓာတ်ပုံတွေလည်း ရိုက်ဖြစ်တော့မှာပေါ့။ သူငယ်ချင်းတစ်ယောက်ကလည်း သွားမလို့ခေါ်ထားသေးတယ်။ သူနဲ့ကတော့ ယိုးဒးယားဖြစ်ဖို့များတယ်။ ဘာပဲဖြစ်ဖြစ် အနားယူရင်း၊ ဓာတ်ပုံရိုက်လို့ရတာပေါ့။
အဓိကပြောချင်တာက နေက်နှစ်ပတ်လောက်မှာ မအားတော့မှာဖြစ်လို့ ပိုစ့်တွေမတင်နိုင်တော့မှာကို ကြိုပြောထားတာပါ။ ပြောသာပြောနေရတာပါ ကျွန်တော့ဆီကိုလာဖတ်တဲ့လူဆိုတာ လက်ချိုးရီလို့ရပါတယ်။ များများစားစားမရှိပါဘူး။ ရှိတာမရှိတာထား.. ပြောရမှာက ကျွန်တော့ တာဝန်၊ လေးစားတဲ့အနေနဲ့တော့ အသိပေးရမှာပေါ့။ မဟုတ်ရင် စာဖတ်သူတွေကို မလေးစားသလိုဖြစ်သွားမှာဆိုးလို့ပါ။
အဲ့ဒါနဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေ စိတ်ဆိုးဖူးတယ်။ ဘာလို့လဲဆိုတော့ ကွန်တော့က သူတို့နဲ့ chat နေတုန်း ဘာမပြောညာမပြောနဲ့ ထထ ထွက်ထွက်သွားတတ်တယ်။ သူတို့ကတော့ ကျွန်တော်ရှိတယ်ထင်ပြီးတော့ ဆက်ပြီးတော့ ပြောနေတာပေါ့။ ပြီးတော့မှ idle ပေါ်လာတော့မှ ကျွန်တော်မရှိမှန်းသိပြီးတော့ ကျွန်တော့ကို စိတ်ဆိုးကြတယ်။ ဟုတ်ပါတယ်၊ သူတို့မှန်ပါတယ်။ ဘာလို့လဲဆိုတော့ အရေးကြီးကြီး မကြီးကြီး ပြောပြီးတော့သွားသင့်တယ်လေ။ မဟုတ်ရင် သူတို့ကို မလေးစားသလိုကြီးဖြစ်သွားတယ်။ ကျွန်တော် အစက အဲ့လိုမထင်ထားမိဘူးဗျ။ ဒီနေ့မှ သူငယ်ချင်းတွေက ပြောလို့ သတိထားမိလာတာ။ အဲ့လိုဖြစ်သွားရင်တောင်းပန်ပါတယ်လို့ ဒီကနေပဲ ပြောလိုက်ပါတယ်ဗျာ။
ဘယ်မှပဲဖြစ်ဖြစ် သူ့ rules နဲ့သူရှိပါတယ်။ အပြင်မှာ စကားပြောရင်လဲ စည်းကမ်းရှိရှိပြောရသလို၊ အင်တာနက်မှာလည်း ရှိသင့်ပါတယ်။ အပြင်မှ ဆဲလို့မရလို့ chatting မှာ ဆဲတာ၊ Facebook, Twitter မှာရေးတာတွေက မကောင်းပါဘူးဗျာ။ အားလုံးဟာ လူတွေနဲ့ ဆက်သွယ်နေတယ် ဆိုကတည်းက လူတွေနဲ့ဆိုင်တယ်၊ လူ့စည်းကမ်းတွေကို လိုက်နာရမယ်၊ လူလိုသိရမယ်။ အဲ့လိုသိမယ်ဆိုရင် ရိုင်းတဲ့ စကားလုံးတွေကို တတ်နိုင်သမျှ မသုံးမိအောင်နေရင် တော်တော်လေး ကောင်းသွားမယ်ထင်ပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။ ကိုယ့်ကို ကို ပြန်ပြီးသုံးသတ်မိလို့ချရေးလိုက်တာပါ။ အမှားပါရင် တောင်းပန်ပါတယ်။ အချိန်မရလို့ ပြန်မစစ်နိုင်တော့ပါဘူး။ စာလုံးပေါင်မှားရင် သီးခံပြီး ဖတ်ပေးပါလို့။