Windows Live Messenger (WLM) would be turned off by March 2013

မြန်မာနိုင်ငံက တော်တော်များများကတော့ Google Talk နဲ့ တော်တော်လေး ရင်းနှီးပါတယ်။ စင်္ကာပူလို နိုင်ငံမှာတော့ Microsoft Live Messenger ကို တော်တော်များများ သုံးကြတယ်။ အခုတော့ Microsoft က ၂၀၁၃ ကျရင် သူ့ရဲ့ Messenger ကို ပိတ်တော့မယ်လို့ ပြောထားပါတယ်။ သူဝယ်ထားတဲ့ Skype ကို အားလုံးပြောင်းသုံးဖို့ ပြောထားပါတယ်။ Skype ကလည်း တော်တော်လေး ကောင်းတဲ့ App ဖြစ်နေပါပြီ။ နောက်ပြီး contact အားလုံးကို Skype မှာသုံးလို့ရအောင် လုပ်ပေးမယ်လို့လည်း ဆိုထားပါတယ်။ အဓိက ပြောင်းရတဲ့ အကြောင်းကတော့ သုံးသူတွေ လျော့ကျလာတာက တစ်ကြောင်း၊ Messenger က Microsoft ရဲ့ product တွေဖြစ်တဲ့ Xbox, TVs စတဲ့ screen အကြီးတွေအတွက် သုံးလို့ မကောင်းတာနဲ့ ပြီးတော့ Skype က ပိုပြီးတော့ သုံးလို့ အစဉ်ပြေနေလို့ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Skype က Windows 8 Phone မှာလည်း Built-in ပါနေတော့ MLM ကို မသုံးစေချင်တော့တာဖြစ်ပါတယ်။ အဲ့လို ပိတ်မယ်ဆိုတော့ သုံးစွဲသူတွေအနေနဲ့ GTalk, AIM, What’s up စတဲ့ App တွေကို ပိုပြီး သုံးစွဲမိကြမှာကိုလည်း စိုးရိမ်ရပါတယ်။ ဒါပေမယ်အရမ်းတော့ စိုးရိမ်စရာ မရှိပါဘူး။ Microsoft က Facebook နဲ့ အကျိုးတူ ပူးပေါင်းထားတာတွေ ရှိတော့ သုံးစွဲသူ လျော့သွားမှာတော့ မကြောက်ရပါဘူး။

Skype

ကျွန်တော်လည်း Singapore ရောက်မှ WML ကို စပြီးသုံးတာပါ။ မကြိုက်ပါဘူး။ Gtalk ပဲကြိုက်တယ်။

Ref : http://www.bbc.co.uk/news/technology-20222998