Watch out MYANMAR in future!

Sleeping giant just awakes now as golden giant. Sleeping giant awakes!!! Watch out MYANMAR in future!

အဲ့ဒီ စားသားလေးက မြန်မာနိုင်ငံသားတွေကို အနည်းငယ် အားတတ်စေမယ်လို့ ထင်ပါတယ်။ လောလောလတ်လတ် လုပ်နေတဲ့ SEA GAME ဖွင့်ပွဲကို ကြည့်ပြီးသူတိုင်း အားကျ ကျေနပ်ကြတယ်ဆိုတာ အခုတလော fb မှာ ကြည့်ရင် သိနိုင်ပါတယ်။ မြန်မာနိုင်ငံသူ/သားတွေသာမက နိုင်ငံတကာမှာပါ လူသိများပြီး SEA GAME သာမက မြန်မာနိုင်ငံကိုပါ လူသိများလာပါတယ်။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်။ ရင်ထဲမှာလည်း ပျော်ပါတယ်။

PDmyanmarseagames09e

အကောင်းပြောခံရသလို မလိုအပ်ဘဲ $$ အများကြီး သုံးတယ်ဆိုပြီး ထောက်ပြတဲ့ သူတွေလည်းရှိပါတယ်။ အများကြီးမသုံးဘဲ ဖြစ်သလို ဈေးပေါပေါနဲ့ လုပ်လိုက်ရင်လည်း နှစ်ပေါင်းများစွာ ကြာမှ တစ်ခါတလေလုပ်ရတာ ကောင်းကောင်း မလုပ်ဘူး။ ပိုက်ဆံတွေ အိပ်ထဲထည့်ဖို့ဘဲ သိတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး ပြောကြအုံးမှာဘဲ… လွတ်မှာ မဟုတ်ပါဘူး။

ဖြစ်လာရတဲ့ အကြောင်းကတော့ Internet က အများကြီး ဆိုင်ပါတယ်။ လူတွေအရင်တုန်းက Internet ဆိုတာ BC, AC နဲ့ တချို့သော အင်တာနက်ဆိုင်လေး တွေမှာဘဲ တွေ့ဖူးကြတာပါ။ ကျွန်တော်ဆို ဘာမှန်းတောင် မသိဘူး။ အခုတော့ တော်တော်များများ သုံးလာနိုင်သလို့ လွယ်လွယ်ကူကူ ရေးလို့ ပြောလို့ ရှယ်လို့ ကောင်းတဲ့ Facebook လို့ Social Network တွေ အသုံးများလာလို့ အခုလို တစ်ခုခုဆို ဘာမှန်းမသိ တင်ချင်တာတင်၊ ပြောချင်တာပြောတဲ့ လူတွေများလာကြတာပေါ့။ အတင်းတုတ်တယ်ဆိုတာ အရင်တုန်းကဆို ယောက်ျားတွေဆို လက်ဖက်ရည်ဆိုင်၊ မိန်းမတွေဆို အိပ်၊ ဈေးသွားရင်းနဲ့ အတင်းပြောတာ ဓလေ့လို့ ဆိုလို့ရမယ်။ အဲ့လို့ပြောဖို့ လူဆုရမယ်၊ သွားရမယ်၊ ဆိုင်မှာထိုင် ပြီး တစ်ခုခုမှာစားရမယ်၊ စတာတွေ မလိုဘဲ ဖုန်းလေးထုတ်ပြီး စာရိုက်လိုက်ရင် ကိုပြောချင်တဲ့ အတင်း ကိုယ့် အသိတွေဆီ အားလုံး ရောက်သွားနိုင်အောင် မြန်ဆန်တဲ့ နည်းပညာတွေ ရှိလာတော့ မြန်မာတွေ အတင်းတုတ်၊ ဖွ ဖို့ Facebook လို နေရာကြီးက မြန်မာနိုင်ငံသားတွေရဲ့ အတင်းတုတ်လို့ ကောင်းတဲ့ အရာကြီးဆို မှားမယ်မထင်ဘူး။

သတင်းတွေ၊ အသိပညာ အတတ်ပညာ တိုးတတ်ဖို့ သုံးတာထက် ဖွဖို့ ပိုပြီး အသုံးများနေရင်တော့ အကျိုးရှိသင့်သလောက် မရှိဘဲ အဆိုးဘက် ဦးတည်သွားနေ သလိုဖြစ်နေတယ်။ သတင်းတွေ အတုဖြစ်၊ မဟုတ်တာ အဟုတ်ဖြစ်၊ ပြောချင်တာပြော၊ ဆိုချင်တာဆိုနေတဲ့ သူတွေ အထဲ မပါအောင် နေကြရင် အကောင်းဆုံးဖြစ်သွားမှာပါ။

Social ဆိုတာ လိုအပ်ပေမယ့် အွန်လိုင်းမှာထက် အပြင်မှာ Social ကျကျ နေရင်၊ နိုင်ငံတကာနဲ့ ပေါင်းသင်းဆက်ဆံတဲ့ အခါ အများကြီး တိုးတတ်လာမယ်။ အသိပညာ အတတ်ပညာ အများကြီး တိုးလာနိုင်သလို အသိတရားတွေ တိုးပွားလာနိုင်မယ်လို့ တိုက်တွန်းရင်….

Watch out MYANMAR in future! ဆိုတာ သူများကို မပြောခင် ကိုယ်ကို ကို အရင်ဆုံး ကြည့်ကြပါလို့။

ဒါပါဘဲဗျာ…