Ubuntu TV is coming…

Linux-Based ဖြစ်တဲ့ Ubuntu ဆိုရင် တော်တော်များများ သိပါတယ်။ Ubuntu က သူ့ System ကို Unity ပြောင်းပြီးကတည်းက ပြောင်းလဲမှု တွေ လုပ်လာပါတယ်။ အခုဆိုရင်တော့ အပြိုင် အဆိုင်များတဲ့ Mobile, Tablet လိုင်းကို မသွားဘဲ Smart TV ကို သွားနေပါပြီ။ လောလောဆယ်တော့ Smart TV လောကမှာ Samsung, Sony, LG က ဦးဆောင်နေပါတယ်။ Ubuntu က ကိုယ်တိုင် TV ထုတ်ဖို့တော့ မရှိသေးပုံရပါတယ်။ ဘာလို့လဲဆိုတော့ Ubuntu TV က Prototype ဖြစ်ပြီး TV ထုတ်ဖို့ Company တွေကို သူ့ OS သုံးဖို့ ခေါ်ထားပါတယ်။ Canonical ကတော့ အခုဆို Desktop, Laptop, Server တွေအတွက် Linux-based OS တွေထုတ် ယုံတင်မကဘူး TV အတွက်ပါ ထုတ်လာပါပြီ။ TV ထုတ်လုပ်သူတွေအနေနဲ့ကတော့ Ubuntu TV ကိုသုံးခြင်းအားဖြင့် အားသာချက်တွေ အများကြီးရှိပါတယ်။ Open Platform ဖြစ်လို့ အလားကားသုံးလို့ရမယ်၊ ကိုယ်လုပ်ချင်သလို ပြန်လုပ်လို့ရမယ်။ လူသိပြီးသား OS ဖြစ်လို့ Developer တွေအတွက် စိတ်ပူစရာ မလိုဘူး။ ပြီးတော့ Community က Strong ဖြစ်နေတာက သူ့ရဲ့ အားသာချက်တွေဖြစ်ပါတယ်။

အခုလောလောဆယ် ရနိုင်မယ့် Features တွေကတော့…

  • All broadcast television (TV Channels တွေအားလုံးကြည့်လို့ရပါတယ်)
  • Cable and satellite possibilities (ကြိုးနဲ့ သို့ စလောင်းလိုင်းနဲ့လည်း ကြည့်လို့ရပါတယ်)
  • Endless online entertainment (Online ကနေ Youtube လိုမျိုး ဆိုဒ်တွေကလည်း ကြည့်လို့ရတယ်)
  • Enhanced viewing (Phone, Tablet စတာတွေနဲ့ ချိတ်ဆက်ပြီး ကြည့်လို့ရပါတယ်)
  • Intelligent search (ကြည့်ချင်တဲ့ ဗီဒီယိုကို Online မှာရှာကြည့်လို့ရပါတယ်)
  • Individual preferences and suggestions (ကြိုက်တဲ့ Video တွေကို record လုပ်ထားပြီး ပြန်ကြည့်လို့ရပါတယ်)
  • Pick up where you left off (Resume လုပ်လို့ရပါတယ်)
  • Sharing across devices (Movies, Photos တွေကို စက်တစ်ခုကနေ နောက်တစ်ခုကို Share လို့ရပါတယ်)
  • Expandability built-in (Application တွေကို စိတ်ကြိုက်သွင်းလို့ရပါတယ်)

Technical specifications and requirements တွေကတော့…

  • Support for ARM and x86 boards
  • Local storage support for DVR functionality
  • Minimum disk space: 2GB
  • Minimum memory: 1GB
  • Minimum video memory: 512 MB
  • HDMI
  • CEC support
  • Digital audio out
  • Hardware accelerated video capable of displaying content at 1080p
  • Network connectivity: Gigabit Ethernet & Wireless b/g/n
  • USB host support
  • Bluetooth HCI interface
  • Modular tuner for broadcast TV (Satellite, Cable, Terrestrial)

အိုင်တီကိုကို။
Ref : http://www.ubuntu.com/tv