Top Three Android Antivirus Apps

Android ကတော့ Malware တိုးလာတာကတော့ ၄လ အတွင်းကို 472% တောင်တိုးလာပါတယ်။ ဘာလို့ တိုးလာတာများလာလဲဆိုတော့ Android App Market မှာ လွယ်လွယ်နဲ့ တင်လို့ရလို့ပါ။ ပြီးတော့ code signing and an application review process တွေမှာ အားနည်းလို့ထင်ပါတယ်။ အခုဆိုရင် Android သွင်းထားတဲ့ devices ပေါင်း 200 millions ကျော်သွားပါပြီး။ Devices တွေတိုးတိုးလာသလို Security ပိုင်းဟာ အရေးပါလာပါတယ်။ Malware တွေများနေတဲ့ ကြားကနေ အကောင်းဆုံး အလုပ်လုပ် ပေးနိုင်တဲ့ Applications တွေကို ပြောပါ့မယ်။ အားလုံးတော့ သွင်းစရာ မလိုပါဘူး။ တစ်ခုသွင်းထားရင် ရပါပြီ။

    • ESET Mobile Security

NOD32 ဆိုရင်တော့ Window သုံးဖူးတဲ့ သူတွေသိမှာပါ။ Window မှာ ၁၀၀% detection ကောင်းသလို mobile မှာလည်း ကောင်းမယ်လို့ထင်ပါတယ်။ ကောင်းတဲ့ အချက်တွေကတော့ real-time protection, anti-theft feature ဖြစ်တဲ့ SIM card သွင်းချင်တိုင်း သွင်းလို့မရပါဘူး။ Register လုပ်ထားတဲ့ SIM card ကိုပဲ ထဲ့လို့ရပါတယ်။ ပြီးတော့ အလကားရနိုင်ပါတယ်။
Download

    • Lookout Security & Antivirus

နောက်တစ်ခုကတော့ Lookout Security ပါ။ ကျွန်တော် အခုသုံးနေတဲ့ App ဆိုလည်း ဟုတ်ပါတယ်။ ကောင်းတယ် ဒါပေမယ့် အလကားတော့ မဟုတ်ဘူး။ အလကား ရတဲ့ဟာက အားလုံးသုံးလို့မရပါဘူး။ Free version နဲ့တင် တော်တော်များများသုံးလို့ရနေပါပြီ။ ကောင်းတာတွေကတော့ real-time protection, backup & restore (contacts, photos and call logs), anti-theft (remote lock & wipe), safe browsing features. Features အကုန်လုံး သုံးချင်ရင်တော့ ဝယ်သုံးမှရပါလိမ့်မယ်။
Download

    • Kaspersky Mobile Security

Kaspersky ဆိုတာကတော့ ရန်ကုန်မှာ မသိတဲ့သူမရှိလောက်ပါဘူး။ ဘာလို့လဲဆိုတော့ internet ဆိုင်တိုင်းလိုလိုမှာ Kaspersky ပဲသွင်းထားလို့ပါ။ ဘာတွေကောင်းလဲဆိုတော့ real-time antimalware scanning, detection and protection, anti-theft features(Remotely Lock or Wipe), ကြိုရေးထားတဲ့ message တွေကို လဲ ပြလို့ရပါတယ်။ ပြီးတော့ location detection, ဖုန်းသခိုးက SIM card ကို ပြောင်လိုက်ရင်လဲ ဖုန်းကို lock လို့ရပါသေးတယ်။ Calls & SMS တွေကိုလဲ block ထားလို့ရပါတယ်။ ဆိုးတာတစ်ခုကတော့ အလကားမဟုတ်ပါဘူး။ ဈေးကြီးတယ် $9.99 လောက်ရှိပါတယ်။
Download

ကျွန်တော့မှာ Apk မရှိလို့ မတင်ပေးနိုင်ပါဘူး။ Market ကိုဝင်လို့မရတဲ့ သူများကို တောင်းပန်ပါတယ်။ လိုချင်ရင်တော့ ဒီလင့် မှာသွားရှာလို့ရနိုင်ပါတယ်။