THE ART OF FREEDOM FESTIVAL (Awarded Movies)

The Arts of Freedom

ကျွန်​တော် အခုတလော စာတော်တော်ရေးဖြစ်နေတယ်၊ အလုပ်မသွားတာက တစ်ကြောင်း၊ ရေးစရာတွေများနေတာက တစ်ကြောင်း ဟိုရေးဒီရေးနဲ့ တော်တော် ရေးဖြစ်တယ်။ ဒီပိုစ့်ရေးပြီးရင်တော့ ကျွန်တော် ကျောင်းအတွက် စာရေးရပါအုံးမယ်။ Report ရေးရမှာဆိုတော့ စာတွေလိုက်ရှာရတယ်လေ။ အိမ်က Internet connection ကတော်တော်လေး ကျနေတယ်။ ရလိုက် မရလိုက်ဖြစ်နေတယ်။ စာရှာရတာ စိတ်မပါတော့လို့ ဗီဒီယိုလေးတွေ လိုက်ရှာရင်းနဲ့ “လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်” တုန်းက ဆုရခဲ့တဲ့ ဗီဒီယိုလေးတွေ သွားတွေတယ်။ အားလုံးကောင်းတယ်။ ကောင်းလို့လဲ ဆုရတာပေါ့။ အဓိပ္ပါယ်တော်တော်ရှိတယ်။ရှိမှာပေါ့ အဖြစ်မှန်တွေကို ရိုက်ထားတာကိုး။ အဲ့ဒါလေးတွေ လိုက်ရှာရင်း သူများတွေလည်း လွယ်လွယ်ကူကူနဲ့ ကြည့်လို့ရအောင်၊ ကျွန်တော်ဆီမှာလဲ မှတ်တမ်းလေးကျန်ခဲ့အောင် ရည်ရွယ်ပြီး တင်လိုက်ပါတယ်။ Copyright နဲ့ညိနေရင် ကျွန်တော် ပြန်ဖြတ်ပေးပါ့မယ်လို့။Freedom ဖြစ်တယ်ဆိုပေမယ့် Right တော့ရှိသေးတာပေါ့။

ကျွန်တော် သိရသလောက်ကတော့ ဆု၅ခုပေးတယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်ကာင်းပေါင်း ၁၈၈ကား ရှိတယ်ဆိုတော့ မနှစ်က အကယ်ဒမီထက် များတယ်လို့ ကြား၊သိရပါတယ်။ အဲ့ထဲကမှ ၅ ကားကို ရွေးတာ ဆိုတော့ တော်တော်တော့ ရဖို့မလွယ်တဲ့ ပြိုင်ပွဲလို့ ဆိုရမယ်။ ဆုရတဲ့စရင်းကတော့….

» ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆု –( အဲဒီအခန်းဖြတ်) ဒါရိုက်တာ ဝိုင်း။
» အကောင်းဆုံး Animation ဆု – (Unity & Freedom) ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း။
» အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆု –  (Still in Dark) ဒါရိုက်တာ အောင်ဇော်မိုး။
» အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို (Short Film) ဆု – ကြိုး (The Rope) ဒါရိုက်တာ မင်းသိုက်။
» အကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Documentry) ဆု – (Click in Fear) ဒါရိုက်တာ စိုင်းကျော်ခန့်။

အောက်မှာတော့ ဆုရတဲ့ ကားများကို ကြည့်လို့ရပါတယ်…

ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆု –( အဲဒီအခန်းဖြတ်) ဒါရိုက်တာ ဝိုင်း။

 

အကောင်းဆုံး Animation ဆု – (Unity & Freedom) ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း။

 

အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆု –  (Still in Dark) ဒါရိုက်တာ အောင်ဇော်မိုး။

 

အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို (Short Film) ဆု – ကြိုး (The Rope) ဒါရိုက်တာ မင်းသိုက်။

 

အကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Documentry) ဆု – (Click in Fear) ဒါရိုက်တာ စိုင်းကျော်ခန့်။

 

ဒါကတော့ ဆုမရပေမယ့် ကောင်းတဲ့ ကားတစ်ကားပါ။ (Absolute Freedom)

 

Special Thank to https://www.facebook.com/5movies