Tag Archives: THE ART OF FREEDOM FESTIVAL

THE ART OF FREEDOM FESTIVAL (Awarded Movies)

ကျွန်​တော် အခုတလော စာတော်တော်ရေးဖြစ်နေတယ်၊ အလုပ်မသွားတာက တစ်ကြောင်း၊ ရေးစရာတွေများနေတာက တစ်ကြောင်း ဟိုရေးဒီရေးနဲ့ တော်တော် ရေးဖြစ်တယ်။ ဒီပိုစ့်ရေးပြီးရင်တော့ ကျွန်တော် ကျောင်းအတွက် စာရေးရပါအုံးမယ်။ Report ရေးရမှာဆိုတော့ စာတွေလိုက်ရှာရတယ်လေ။ အိမ်က Internet connection ကတော်တော်လေး ကျနေတယ်။ ရလိုက် မရလိုက်ဖြစ်နေတယ်။ စာရှာရတာ စိတ်မပါတော့လို့ ဗီဒီယိုလေးတွေ လိုက်ရှာရင်းနဲ့ “လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်” တုန်းက ဆုရခဲ့တဲ့ ဗီဒီယိုလေးတွေ သွားတွေတယ်။ အားလုံးကောင်းတယ်။ ကောင်းလို့လဲ ဆုရတာပေါ့။ အဓိပ္ပါယ်တော်တော်ရှိတယ်။ရှိမှာပေါ့ အဖြစ်မှန်တွေကို ရိုက်ထားတာကိုး။ အဲ့ဒါလေးတွေ လိုက်ရှာရင်း သူများတွေလည်း လွယ်လွယ်ကူကူနဲ့ ကြည့်လို့ရအောင်၊ ကျွန်တော်ဆီမှာလဲ မှတ်တမ်းလေးကျန်ခဲ့အောင် ရည်ရွယ်ပြီး တင်လိုက်ပါတယ်။ Copyright နဲ့ညိနေရင် ကျွန်တော် ပြန်ဖြတ်ပေးပါ့မယ်လို့။Freedom ဖြစ်တယ်ဆိုပေမယ့် …