Tag Archives: Framing Photography

Best Photographic Composition Techniques Part #3

အပိုင်း ၁ Rule of Thirds နှင့် အပိုင်း ၂ Active Space ကို ရေးပြီးပါပြီ။ Framing Your Shots ကျွန်တော်လည်း Project ကိစ္စရှုပ်နေတာနဲ့ ဓါတ်ပုံတောင် ကောင်းကောင်း မရိုက်ဖြစ်သလို ရေးလည်း မရေးနိုင်ဘူး။ ဒီနေ့တော့ ရေးလက်စနဲ့ ပြီးအောင် ဆက်ရေးလိုက်တယ်။ ဒီ အပိုင်း ၃ မှာတော့ ကျွန်တော် Framing အကြောင်းကို သိသလောက် ရေးချင်ပါတယ်။ Framing လုပ်တယ်ဆိုတာက ကိုယ်ပြချင်တဲ့ အရာတစ်ခုကို ကြည့်တဲ့သူတွေ မြင်သာအောင် ဓါတ်ပုံထဲမှာ ပေါလွင်အောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကိုယ်မပြချင်တဲ့ အရာတွေကို ဖုံးထားပြီး၊ ပြချင်တဲ့ အရာတွေကို သိသာ ထင်သာအောင် ပြုလုပ်ခြင်းပါ။ …