Tag Archives: အလုပ်အကိုင်

လုပ်တတ်ပြီးလား အလုပ်? အပိုင်း (၁)

အလုပ်ကရခဲ့တဲ့ သင်ခန်းစာ။ အခန်းတစ်၊ အလုပ်မှာ လုပ်စရာမရှိ မဖြစ်အောင်နေ။ များသောအားဖြင့် အလုပ်မများဘူးဆိုရင် အေးအေးဆေးဆေးဘဲ ဆိုပြီး ထင်တတ်ကြတယ်။ တကယ်တော့ လုပ်စရာ မရှိတာ မကောင်းပါဘူး။ ပိုပြီးတော့ အလုပ်များဖို့ အရှိန်ယူနေသလိုပါဘဲ။ တစ်ခုခု ကြီးကြီးမားမား လာရင် အစဉ်သင့်ဖြစ်အောင် လုပ်ထားပါ။ နောက်တစ်ခုက တခါတလေ၊ လုပ်စရာပြီးသွားလို့ ဘားမှလုပ်စရာမရှိဖြစ်နေတတ်ပါတယ်။ အဲ့ဒါကို မန်နေဂျာ၊ သူဌေးတို့မြင်ရင် အလုပ်မလုပ်ဘူးလို့ ထင်နိုင်တယ်။ အားနေတယ်ထင်ပြီး မဟုတ်တဲ့ အလုပ်တွေ ခိုင်းတတ်တယ်။ အဲ့တော့ ကိုယ်အလုပ်ကို တစ်နေ့တာ အတွက် ကြိုတင် ချိန်စပြီး လုပ်ပါ။ အချိန်ပို မဖြစ်အောင် ကြိုးစားပါ။ အလုပ်ကလည်းအပြီး အလုပ်ဆင်းချိန်လည်း အရောက် ဖြစ်နိုင်ရင် အကောင်းဆုံးဘဲ။ ပေါင်းသင်း ဆက်ဆံရေး အရေးကြီးတယ်။ နုံသလို့ …