Tag Archives: အတွေး အထင် အမြင်

လူကို လွန်၏ မလွန်၏….

ယခုခေတ် သိပ္ပံထွန်းကားပြီး ဘာသာတရားအပေါ်ယုံကြည်မှု အားနည်းလာကြတဲ့ လူငယ်အများစုတို့က ဗုဒ္ဓတရားတွေအပေါ် “ဒီတရားတွေဟာ လူကိုလွန်တဲ့တရားတွေ လူတွေ မသိနိုင်မလုပ်နိုင်တဲ့တရားတွေ” ဟု သုံးသပ်ကာ ဘာသာတရားအောက်က ရုန်းထွက်ကြတယ်… ဗုဒ္ဓဘာသာမှ မဟုတ် အခြားသော ဘာသာတွေမှာလဲ ဒီသဘောဟာ ဖြစ်နေတာကိုတွေ့ရပြန်တယ်… အလယ်ခေတ်ဦးပိုင်းတွေမှာ ပေါ်ပေါက်ခဲ့ကြတဲ့ ဘာသာတွေ အဆုံးအမတွေဖြစ်လို့ တချို့နေရာတွေမှာ ခေတ်မမှီသလို ဖြစ်နေတာတွေကတော့ ရှိနိုင်ပါတယ်.. လူ့သမိုင်းတွေ နိုင်ငံရေး လူမှုရေးတွေဟာလဲ အခုခေတ်နဲ့ယှဉ်ရင် လုံးဝ မတူလေတော့ ဘာသာတရားတွေဟာ ခေတ်မမှီသလိုဖြစ်နေပါတယ်… သို့သော် လူကိုလွန်သော တရားတွေ မဟုတ်ပါ… လူတွေလုပ်နိုင်သော အမှန်ကျင့်ကြံနိုင်သောတရားတွေသာ ဖြစ်ပါတယ်… တကယ့်လုပ်သူတွေ တကယ်ရခဲ့ကြသော ငြိမ်းချမ်းမှုကို ခေတ်အဆက်ဆက်မှာတွေ့နိုင်ပါတယ်… ဘာသာတရားမှာ မဆိုထားနှင့် သိပ္ပံတိုးတက်မှုတွေသည်ပင်လျင် အလယ်ခေတ်လူများအဖို့ လူကိုလွန်သော အရာတွေဟု ထင်နိုင်ပါသည်။ ယခုအောင်မြင်နေကြသော …