Tag Archives: ဟိုရေးဒီရေး

ဟိုရေးဒီရေး ၂၀၁၅

အလုပ်လုပ်တာ ၂နှစ်ကျော် ၃နှစ်လောက် ရှိလာတော့ မသိမသာ နဲ့ မကောင်းတဲ့ အကျင့်တစ်ခု ရလာတယ်?။ အလုပ်ကို သေသေချာချာ သေသေသပ်သပ် မလုပ်တော့်ဘူး။ ဖြစ်သလိုနဲ့ ပြီးရင် ပြီးရော လုပ်တတ်လာတယ်။ အမှားများလာသလို လိုရင်လိုသလို ဖောပြီး ရွှီးတတ်လာတယ်။ ကိုယ်က ကျွမ်းကျင်တဲ့ အပိုင်းဆို ပိုပြီးတော့ ဖောတတ်လာတယ်။ အချိန်မလေးစားတော့သလို အလုပ်ကို ချက်ချင်းမလုပ်တော့ဘူး။ အချိန်ဆွဲပြီး လုပ်တတ်လာတယ်။ အရင်တုန်းကဆို အလုပ်တစ်ခု ရလာပြီဆို ချက်ချင်း လုပ်တယ်၊ မပြီးမချင်း မပြန်ဘဲလုပ်တယ်။ အခုနောက်ပိုင်းတော့ အချိန်ဘယ်လောက်ကြာမယ်၊ ဘယ်တော့မှ လာယူ၊ ပြီးရင်ပို့လိုက်မယ်၊ စသည်ဖြင့် အချိန်ဆွဲတတ်လာတယ်။ ကောင်းတာလား ဆိုးတာလားတော့ မသိ၊ ကိုယ်ပြောင်းလဲလာတာတော့ သိတယ်။ အလုပ်လုပ်တာ မြန်လာပေမယ့် အလုပ်မပြီးသလိုဖြစ်နေတယ်။ အလုပ်တွေကို ပြီးအောင်မလုပ်ဘဲ …