Sweet Android Highschool

Android ဖုန်းတွေ မှာ Brand အမျိုးမျိုးရှိတယ်ဆိုတာ သိ ကြမှပါ။ အဲ့ထဲမှာ ထူးထူးခြားခြား ဖြစ်နေတဲ့ တချို့အကြောင်းအရာလေးတွေ ရှိတယ်ဆိုတာတော့ လူတိုင်းသိမယ်မထင်ပါဘူး။ ကျွန်တော် က ဂျပန်ကာတွန်းကားတွေ ကြည့်ဖြစ်တယ်။ ငယ်ငယ်လေးကတည်းက ကြည့်တာဆိုတော့ အခုဆို တော်တော် များများ ကြည့်ဖူးပြီးပြီပေါ့။ ကျွန်တော့လို ဝါသနာတူတွေကတော့ ကျွန်တော့ နည်းနည်းပြောရင် သိလောက်မယ်ထင်တယ် ။ မကြည့်ဖူးသူများ ကလည်းစမ်းကြည့်ကြည့်ပါ။ စွ ဲသွားပါလိမ့်မယ်။ အခုပြောမှာက ဖုန်းနဲ့လည်း ဆိုင်တယ်၊ ကာတွန်းကားနဲ့လည်းဆိုင်တယ် ။
ထူးထူးခြားခြား အောက် ကနာမည်လေးတွေကိုဖတ်ကြည့်ပါလား..

  • Moto-Laura-chan (Motorola)
  • Sam-Sung-chan (Samsung)
  • H-T-Syee-chan (HTC)
  • Elle-G-chan (LG)
  • Soni-Eri-chan (Sony Ericsson)

Apple  အတွက်တောင်ပါသေးတယ်။ Apple-Kun တဲ့။
မြန်မာလို့ ဂျပန် ကာကွန်းကား အကြောင်းသိချင်ရင် ၊ ဖတ်ချင်ရင် ဒီလင့် မှာ သွားဖတ်လို့ ရပါတယ်။ ဆိုဒ်ကောင်းလေးမို့ ကြေငြာဝင်တာပါ။ ဘာရယ်မဟုတ်ပါဘူး။ အခု Ubuntu ကနေ စမ်းပြီး ပိုစ့်တင်နေတာပါ။ တော်တော် လုပ်လိုက်ရတယ်။ Keymagic နဲ့ရိုက်ထားတာပါ။ Internet Connection ကကျနေတော့ စာရှာရတာ အစဉ်မပြေတာနဲ့ စာရေးတာ။ အခုတော့ ပြန်ကောင်းသွားပြီထင်ပါတယ်။ အခုတလော့ ကျွန်တော့ ဆိုဒ် ကို ဝင်လို့မရရင် တောင်းပန်ပါတယ် ။ ညညဆို Server က down down နေလို့ ။ ဘာလို့မှန်းတော့ မသိဘူး။ Server ကို စာပို့ပြီးတော့ မေးထားတယ်။ အကြောင်းမပြန်သေးဘူး။

Photo Credits : thenextweb.com/google/2012/01/02/android-has-its-own-manga-comic-sweet-android-high-school/