SLA Spatial Challenge Brainstorming မှတ်စု #1

Idea အသစ်ဖြစ်ဖို့က ပထမဆုံး အခုလက်ရှိ ဘာတွေဖြစ်နေလဲ့ဆိုတာ သိဖို့လိုပါလိမ့်မယ်။ ကျွန်တော့ အထင် ကျွန်တော်တို့ တွေးမိသလို သူများတွေလဲ တွေးမိမှာဘဲ။ ကျွန်တော် ကဒါကို အသစ်လို့ထင်ပေမယ့် သူများတွေက လုပ်ပြီးသား ဖြစ်နိုင်တယ်။ ကိုယ်က မသိတော့ ဒါဟာ အသစ်၊ ဘယ်သူမှ မလုပ်သေးဘူး၊ ငါပထမဆုံးလုပ်တာဘဲလို့ ထင်နေတတ်ပါတယ်။ အဲ့လိုဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ အလကားဖြစ်တော့မှာပါ။ သင်ရေးလိုက်တဲ့ App တစ်ခုက သူများရေးပြီးလို့ Store | Market မှာ ရှိပြီးသားကြီ: ဖြစ်နေမှာကို သင်စဉ်းစားမိရဲ့လား။ အဲ့တော့ ပထမဆုံး အခုလက်ရှိ ဘာတွေရှိနေလဲဆိုတာကို အရင်ဆုံးလေ့လာဖို့လိုပါတယ်။ သူများတွေ ဘာတွေလုပ်ပြီးပြီလဲဆိုတာ သိထားဖို့လိုပါတယ်။ အဲ့တော့ App တစ်ခုရေးဖို့ Idea ရလာပြီဆိုရင် သူများတွေရေးပြီးပြီလား ဆိုတာ အရင်ဆုံး စစ်ပါ။ သူ့မှာပါတဲ့ features တွေကို အရင်လေ့လာပါ။ ကိုယ် Idea နဲ့ဘာကွာလဲ ဆိုတာ ယှဉ်ကြည့်ပါ။ မတူဘူး၊ ကွာတယ်ဆိုမှာ ဆက်လုပ်ပါ။

နောက်တစ်ခုကတော့ သင်စဉ်းစားလို့ရတဲ့ Idea က တကယ့် အပြင်မှာ ဘာတွေ ကျိုးထူးတွေ ပေးနိုင်လဲပေါ့။ ရှင်းရှင်းပြောရရင် real-life problem တွေကို ဘယ်လောက်ထိ ဖြေရှင်းပေးနိုင်လဲဆိုတာ သိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကိစ္စတိုင်းကို technology သုံးပြီးမှ လွယ်အောင်လုပ်နိုင်တာ မဟုတ်ပါဘူး။ Example ပေးရရင် အာကာသမှာ သုံးဖို့ Ball Pen ကိုထွင်သလိုမျိုးပေါ့။ အဲ့ဒါလေးကို ထွင်ဖို့ နည်းပညာပေါင်းများစွာ၊ ငွေအကုန်အကျများစွာ၊ အချိန်အများကြီး အကုန်အကျခံပြီး ထွင်လိုက်ပါတယ်။ ပြီးတော့ အာကာသမှာ သုံးပါတယ်။ ရေးလို့ရပါတယ်။ ဒါပေမယ့် ဘာလို့ ဘောပင်အစား ခဲတံကို မသုံးတာလဲလို့ မေးခွန်းတွေ မေးစရာဖြစ်နေပါတယ်။ ခဲတံ သုံးပြီး ရေးလဲ ရေးလို့ဖြစ်နေတာဘဲကို ဘာလို့ ဘောပင်ကို ထက်ပြီးထွင်နေတာလဲ။ ကျွန်တော် ပြောချင်တာက တချို့ကိစ္စတွေမှာ technology သုံးလိုက်ရင် ပိုပြီး အလုပ်ရှုပ်သွားမယ်။ traditional နည်းလမ်းက ပိုကောင်းမယ်လို့ အပြောစရာဖြစ် နေရင် သင့် idea ကို ပြန်စဉ်းစားဖို့ လိုနေပါပြီ။ ကိုယ်လုပ်ထားတဲ့ App က သူများကို အကျိုးပေးမှုများမှ သုံးတဲ့လူရှိလာမှာပေါ့။ အကျိုးရှိလား မရှိလားဆိုတာ စဉ်းစားဖို့ လိုပါတယ်။ အသက်အရွယ် အလိုက် အသိဉာဏ် မတူနိုင်သလို နည်းပညာတွေကို သိရှိမှာတွေ၊ သုံးနိုင်မှုတွေ တူမှာ မဟုတ်ပါဘူး။

နောက်တစ်ခုကတော့ ဘယ်သူတွေ ဝယ်မှာလဲဆိုတာပါ။ အသုံးတည့်လား မတည့်လားဆိုတာ ကိုယ် App ကို သုံးတဲ့လူ ဘယ်လောက်များများ ရှိလဲဆိုတာ နဲ့ တိုင်းရင် မှားလောက်မယ်မထင်ဘူး။ သင့် App ကို သူများတွေက သူတို့ရှိပြီးသား၊ အသားကျပြီးသား System ကို ဖြုတ်ပြီး သုံးဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သင့် ဟာက သူတိုအတွက် အကျိုးများမှာမှာပါ။ နောက်ပြီးတော့ ဘယ်သူတွေသုံးနိုင်မှာလဲ? လူကြီးတွေဘဲ သုံးမှာလား၊ ကလေးတွေ အတွက်လား၊ ဆရာဝန်တွေအတွက်ဘဲလား၊ စတဲ့ သုံးမယ့် သူတွေကိုလည်း စဉ်းစားဖို့လိုပါတယ်။ အဲ့ လို ခွဲပြီးရင်တော့ စဉ်းစားထားတာကို ကောင်အထည်ဖော်လို့ရပါပြီ။ ကျွန်တော်ပြောထားတဲ့ ၃ ထက်မက အများကြီး ရှိလို့ရပါတယ်။ အဲ့ဒါက ဘာလုပ်တာလဲဆိုတော့ Criteria လုပ်လိုက်တာပါ။ ကိုယ်ဖာသာကို ပြန်စစ်ပြီး အမှတ်ပေးလိုက်တာပါ။ ဘယ် Criteria ကတော့ဖြင့် မကိုက်ဘူး၊ ဘယ်ဟာကတော့ဖြင့် သုံးသင့်တယ်ဆိုတာ သိရှိလာနိုင်သလို သင့်ရဲ့ Idea ဟာလည်း ရှင်းရှင်းလင်းလင်း ပေါ်သွားပါတယ်။ Criteria ကလည်း ကုယ့်ဟာကို ရေးရမှာပါ။

သူများထက် ဖို့က သူများတွေးတာထက် ပိုပြီးတွေးနိုင်ရပါ့မယ်။ သူက ၁၊၂ လောက်တွေးနိုင်ရင် ကိုယ်က ၃၊၄ ဆင့်လောက်ထိတွေးနိုင်ရင် သင့် App က ကျော်ကြားဖို့ များသွားပါပြီ။ အဲ့ဒါကတော့ သင်ရဲ့ ကိုယ်ပိုင် ဉာဏ်နဲ့လည်း ဆိုင်တယ်၊ သင်လေ့လာထားတာတွေနဲ့လည်း ဆိုင်တယ်လို့ထင်တယ်။ သတိထားရမှာက သင်သိထားတာတွေနဲ့ဘဲ မတွေးပါနဲ့၊ အဲ့လိုတွေးလိုက်ရင် သင့်အတွေးတွေ ဘောင်ခတ်ထားသလို ဖြစ်နေပါလိမ့်မယ်။ သတိထားပါ။ နောက်တစ်မျိုး သူများထက်သာဖို့က သူများထက်စောပြီးလုပ်နိုင်အောင်လုပ်ပါ။ ဆိုလိုတာက ဘယ်သူမှ မသိသေးတဲ့ နည်းပညာ ကို သုံးပြီး ပထမဆုံး နဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ အဲ့ဒါဆိုလည်း သူများထက်သာဖို့ ဖြစ်နိုင်ပါတယ်။ တွေးတဲ့အခါမှာ ကိစ္စတစ်ခုကိုချည်းဘဲ အတွေနေပါနဲ့။ ဒီကိစ္စကို တွေးတယ် တစ်ရက်တွေးတယ်။ နှစ်ရက်တွေးတယ်။ ဘားမှမထွက်လာတော့ဘူးဆိုရင် သင်တွေးနေတာကို ရပ်လိုက်ပါတော့။ နောက်တစ်ခုပြောင်းတွေးလိုက်ပါ။ အရေးကြီးတာက သင်တွေးတာတွေကို ချရေးဖို့ မမေ့ပါနဲ့ တစ်ချိန်ချိန်မှာ အသုံးပြန်ဝင်ပါလိမ့်မယ်။ နောက်ပြီး တွေးနိုင်သလောက် တွေးလိုက်ပါ။ ချုပ်မထားပါနဲ့။ နည်းပညာအပိုင်းအရ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ တွေးထားပါ။ ငါက Mobile App ဘဲရေးတတ်တယ်၊ Web App ဆိုမသိဘူး။ အတွေးဘူးလို့ မတွေးပါနဲ့။ Idea ရဖို့ Brainstorming လုပ်တဲ့အခါမှာ Technology ပိုင်းကို စဉ်းစားလို့ မရသေးပါဘူး။ မဟုတ်ရင် သင် စဉ်းစားတာ ဘောင်ကျဉ်းသွားပါလိမ့်မယ်။ Due Date မထားပါနဲ့ Target ဘဲလုပ်ထားပါ။ အတိုင်းအတာတစ်ခုထိဘဲ တွေးထားပါ။ နေ့တိုင်း အတွေးပါနဲ့။ အမြဲ မတွေးပါနဲ့။ ဘာလို့လဲဆိုတော့ သင်စဉ်းစားတာ များသွားရင် Idea ကောင်းကောင်းထွက်ဖို့ ခက်သွားနိုင်တယ်။ မနက်စောစော ဒါမှမဟုတ် ညဘက်မှာ တွေးရင် ပိုကောင်းပါတယ်။

အားလုံးတွေးပြီးသွားရင်တော့ ရေးချထားတာတွေထဲက အကောင်းဆုံးကို ပြန်ရွေးလိုက်ပါ။ ဘာနဲ့ရွေးမလဲဆိုတော့ ပေါ်မှာ ကျွန်တော်ပြောထားတဲ့ Criteria တွေနဲ့ အမှတ်ခွဲပြီး အကောင်းဆုံးကို ရွေးပြီးလုပ်ပါ။ ကျွန်တော် ဒီပိုစ့်ကို မှတ်စုအနေနဲ့ ရေးထားတာပါ။ ကျွန်တော် ကျောင်းမှာ SLA Spatial Challenge အတွက် ဆရာနဲ့ စကားပြောဖြစ်တုန်းက ပြောတာလေးတွေကို မှတ်မိသလောက် ပြန်ပြီး မြန်မာလို ရေးထားတာပါ။ အမှားပါနိုင်သလို အတွေးမတူရင် ကျွန်တော့ကို ပြင်ပေးလို့ရပါတယ်။ ကျွန်တော် စိတ်မဆိုးတတ်ပါဘူး။ ကျွန်တော်က သိပြီး၊ တတ်ပြီး သားလူတစ်ယောက် မဟုတ်ပါဘူး။ သင်တုန်း၊ သင်ဆဲ လူတစ်ယောက်ဖြစ်လို့ မှားတာရှိရင်၊ ကြိုက်သလို ဝေဖန်လို့ရပါတယ်။ ကျွန်တော့ကို ဝေဖန်တဲ့ Comment တစ်ခုက ကျွန်တော့အတွက် Text book ထဲက စာတစ်ခန်း ဖတ်တာထက် ပိုပြီး အကျိုးများပါတယ်။