PHP ရဲ့ ချစ်ပုံပြင်

PHP ရဲ့ ချစ်ပုံပြင်
=================
ဟိုရှေးရှေးတုန်းက Web Development ဆိုတဲ့ တိုင်းပြည်ကြီးမှာ server side script ဆိုတဲ့ ဘုရင်ကြီး အုပ်စိုးပါတယ်။
အဲဒီဘုရင်ကြီးမှာ asp, perl, jsp စတဲ့ သားတော်တွေအများကြီးရှိပါတယ်။ တစ်ရက်မှာ နောက်ထပ်သားတော်လေး တစ်ပါဖွားမြင်လာပါတယ်။
အဲဒီသားတော်လေး နာမည်က တော့ PHP လို့ခေါ်ပါတယ်။ အဲဒီ web development တိုင်းပြည်ကြီးမှာနေထိုင်တဲ့ ပြည်သူတွေထဲမှာ data အချမ်းသာဆုံး သူဠေးကြီးတစ်ယောက် ရှိပါတယ်။
အဲဒီသူဠေးရဲ့ နာမည် က တော့ ဦး RDBMS လို့ အမည်တွင်ပါတယ်။ အဲဒီသူဠေးကြီးဟာ ပိုက်ဆံချမ်းသာတာနဲ့ အမျှ မိန်းမတွေလဲ အများကြီးယူထားပါတယ်။ အဲဒီလိုအများကြီး ယူထားတာနဲ့
အမျှ သားသမီးတွေလဲ အများကြီးထွန်းကားပါတယ်။ အဲဒီ သားသမီးတွေထဲမှာ ဒေါ် Oracle နဲ့ လက်ထပ်ပြီး မွေးတဲ့ Oracle Database နှင့် ဒေါ် Microsoft နဲ့လက်ထပ်ပြီး မွေးတဲ့ Microsoft SQL
Server Database တို့ဟာ ဦး RDBMS ရဲ့ အားကိုးရတဲ့ သားတွေဖြစ်ကျပါတယ်။ မောင် Oracle နဲ့ မောင် SQL server တို့ဟာ ချမ်းသားတဲ့ မိသားစု ကပေါက်ဖွာလာတဲ့ သူတွေဖြစ်တာနှင့် အညီ
အရာရာကို ငွေကြေးနဲ့သာ တိုင်းတာပါတယ်။ အဲဒိီတော့ တော်ယုံတန်ယုံ ပြည်သူတွေဟာ သူတို့တွေနဲ့ မရင်းနှီးကြပါဘူး။ အဲဒီလို အရာရာကို ငွေကြေးနဲ့ တိုင်းတာတဲ့ မိသားစု မှာ လဲ အလွန်တစ်ရာ
စိတ်သဘောထားဖြူစဉ်ပြီး ချစ်စရာကောင်းလှတဲ့ သမီးလေး တစ်ပါးမွေးဖွားလာပါတယ်။ ဦး RDBMS မှာ အဲဒီသမီးလေးကို အလွန်ချစ်မြတ်နိုးတဲ့ အတွက် ငါ့ရဲ့ SQL ( MySQL) လို့ အမည်ပေးပါတယ်။
ဒီလိုနဲ့ အရွယ်ရောက်လာကြတဲ့ PHP မင်းသားလေးနဲ့ MySQL တို့ဟာ တစ်ရက်မှာ ဘုရင်ကြီးကျင်းပတဲ့ အခန်းအနားတစ်ခုမှတွေ့ဆုံပြီး မြင်မြင်ချင်းပဲ ချစ်ခင်စုံမက်မြတ်နိုးသွားကြပါတယ်။
PHP မင်းသားလေးဟာ MySQL လေးကို ဘယ်လောက်တာင်ချစ်သလဲဆိုရင် သူ့ရဲ့ ကိုယ်မှာ mysql_connect() လို့တောင်တက်တူးထိုးထားပါတယ်။ PHP ဟာ မင်းသမီးလေးကိုချစ်မြတ်နိုးသလို
တစ်ဖက်မှာလဲ သူ့ညီအစ်ကိုတော် ပြိုင်ဘက်တွေဖြစ်ကြတဲ့ ASP.NET, JSP,Python စတဲ့ သူတွေနဲ့ ထီးနန်းလုဖို့ယှဉ်ပြိုင်ရပါတယ်။ အဲဒီလိုယှဉ်ပြိုင်ရာမှာ PHP ရဲ့ လက်ရင်းဆရာဖြစ်တဲ့ Apache ရဲ့ အကူအညီ
တွေကိုလဲယူရသလို့ MySQL လေးရဲ့ အကူအညီကိုလဲအများ ကြီးယူရပါတယ်။ အဲဒီလို ယှဉ်ပြိုင်နေရတဲ့ အချိန်မှာ PHP မင်းသားလေးဟာ မင်းသားတို့ တတ်အပ်တွေပညာတွေဖြစ်တဲ့ Object Oriented ကိုလဲသင်ယူ
ရပါတယ်။ ဒါအပြင် လူတစ်ကာနဲ့ ပေါင်းသင်းဆက်ဆံတဲ့ PDO ဆိုတဲ့ ပညာကိုလည်း သင်ယူခဲ့ပါတယ်။ အဲဒီလိုသင်ယူလိုက်တာဟာ MySQL လေးအတွက်ပြိုင်ဘက်တွေပေါ်လာဖို့ ဖြစ်လာနိုင်တယ်ဆိုတာကို
MySQL လေးကြိုမသိခဲ့ပါဘူး။ အဲဒီလို ပညာရပ်နဲ့ပြည့်စုံလာတဲ့ မင်းသားလေး PHP ဟာ Open Source ပြည်နယ်မှာ နေတဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုနှင့်အတူ LAMP ဆိုတဲ့ ဘွဲ့အမည်နဲ့ နယ်စားလေးဖြစ်လာပါတယ်။
အဲဒီအချိန်မှာ web development ပြည်နယ်မှာ ဦး RDBMS ထက် data ပိုချမ်းသာတဲ့ ဦး NOSQL ဆိုတဲ့ သူဠေးကြီးတစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီသူဠေးကြီးရဲ့ သမီးတော်တွေအများကြီးထဲကမှ မိ Mongo က
တော့ PHP မင်းသားလေးကိုသည်းသည်းလှုပ်ဖြစ်လာပါတယ်။ MySQL တို့ထက်ပိုချမ်းသာတဲ့ မိMongo ဟာ PHP ကို Data တွေအများကြီးနဲ့ ဆွဲဆောင်စည်းရုံးပါတော့တယ်။ အစ်ကိုတော်တွေနဲ့ အပြိုင် တိုက်ခိုက်ဖို့ အတွက်
အကူအညီတွေလိုအပ်နေတဲ့ PHP ဟာ မိMongo ရဲ့ အကူအညီကို မယူချင်ပေမဲ့လည်း ယူလို်က်ရပါတော့တယ် ။ အဲဒီတော့ MySQL လေးဟာ သူ့ချစ်သူဟာ သူ့ကို ဂရုမစိုက်တော့ဘူးလို့ ခံစားလာရပါတယ်။
PHP ကိုယ်တိုင်က လဲ မိMongo ကိုရွေးချယ်ရမလား MySQL လေးကိုရွေးချယ်ရမလားဆိုတာ မသိတော့ပါဘူး။ ပြည်သူတွေကြားထဲမှာလဲ မိMongo နဲ့ သဘောတူသူ MySQLလေးနဲ့ သဘောတူသူဆိုပြီး ကွဲပြားကုန်ပါတယ်။
အဲဒီတော့ PHP ကိုအကြံပေးဖို့ လိုအပ်လာပါပြီ။ အဲဒီတော့ PHP ဟာ ပြည်သူတွေကို မဲခွဲဆုံးဖြတ်ဖို့ အကူအညီတောင်းခံပါတယ်။ ပြည်သူတွေက PHP အတွက် မိ Mongo လား MySQL လားဆိုတာကို ဆုံးဖြတ်ပေးရမှာပါ။
အဲဒီအတွက် သင် ဟာ web development တိုင်းပြည်ကြီးရဲ့ ပြည်သူဆိုရင် ဘယ်သူ့ကိုမဲ့ပေးမှာပါလဲ။
PHP + MySQL (RDBMS) လား
PHP + မိMongo (NoSQL) လား
Please give vote by leaving comment

just for Fun XD
Credit : Thaw Lwin Htun (Web SIG)