Phone changed

တစ်ပတ်လောက်တော့ရှိပြီ ကျွန်တော် ဝင်းဒိုးဖုန်း ကိုင်နေတာ။ Nokia Lumia 920 ပါ။ စကိုင်တုန်းက တော်တော်လေး ကြောင်တောင်တောင်ဖြစ်တယ်။ အရင်တုန်းက Android နဲ့ iOS ဘဲကိုင်ဖူးတော့ WP ကို တော်တော်လေး အကျင့်ပါအောင် လုပ်ရတယ်။ အထူးသဖြင့် ကတော့ UI အပိုင်း အပြောင်းအလဲကြောင့် လုပ်ရကိုင်ရတာ နှေးတာပေါ့။ Metro UI ကမဆိုးဘူးလို့တော့ပြောလို့ရတယ်။ အားနည်းတာကတော့ Customize လုပ်လို့ များများစားစားမရတာပါဘဲ။ နောက်တစ်ခုက App ပိုင်း တော်တော်လေးအားနည်းတယ်လို့ပြောရမယ်။ ပိန်းတိန်းတိန်း App တွေအများကြီး၊ ကျွန်တော်တို့ ကျောင်းမှာ လုပ်တဲ့ ပုံမှန် နေ့စဉ် ပရောဂျက် အဆင့်လောက်တွေ အများကြီး။ တော်တော်များများက mobile web view ပုံစံတွေကို App အနေနဲ့ လုပ်ထားတာ။ ကျန်တာတွေတော့ ပြောစရာ ဘားမှမရှိဘူး တော်​တော်လေး သုံးရတာ အိုကေပါတယ်။ ဂိမ်းကတော့ မပြောချင်တော့ဘူး။ ကြိုက်တာ ဘားမှမရှိဘူး။ အဟောင်းတွေဘဲများတယ်။ Graphic လည်း ပိန်းတယ်။ App အပိုင်းမှာတော့ ကျွန်တော်သုံးနေကျ App တွေရှိလို့တော်သေးတယ်။ Evernote, Outlook, FB, စတာတွေတော့ရှိတယ်။ မြန်တာ ကတော့ တော်တော်လေးမြန်တယ်။ လုံးဝ မထစ်ဘူး။ ကျွန်တော် App ၅၀ ကျော်သွင်းထားတယ်။ background sync တွေလည်း လုပ်ထားတယ်။ အဲ့ဒါလည်း မထစ်ဘူး။ Battery တော့ ကုန်တယ်။ အများကြီး သုံးရင်။ 4G ဆိုတော့ ပိုကုန်တယ်။ Screen ကတော့ ရှယ်ဘဲ။ Camera လည်း တော်တော်မိုက်တယ်။ PhotoBeamer ကိုတော့ တော်တော်လေးကြိုက်တယ်။

မြန်မာစာကို ယူနီကုဒ်ကို ကောင်းကောင်းမြင်နိုင်ပါတယ်။ ကျွန်တော့ဆိုဒ်က embed font လုပ်ထားတော့ ကောင်းကောင်းမြင်ရပါတယ်။ ကျွန်တော့သိလိုက်တာတစ်ခုက language တော်တော်များများကို support လုပ်ထားတယ်။ keyboard တွေလည်းအများကြီး။ မြန်မ language pack တစ်ခုလောက်ရှိရင် တော်တော်လေးကောင်းသွားပြီ။ မကြာခင်အချိန် အတွင်းမှာ ဖြစ်လာနိုင်ပါတယ်။ ကွန်ပြူတာမှာတောင် ပါနေပြီဆိုတော့ ရတော့မှာပါ။ မြန်မာလိုကြည့်ဖို့ ဘာApp မှမရှိသလို ဘာနည်းလမ်းမှ မတွေ့သေးဘူး။ ကျွန်တော်အခု C# နဲ့ .Net လေ့လာနေတော့ စမ်းတဲ့အနေနဲ့ တစ်ခုခု လုပ်မလားပေါ့။ စိတ်ထဲမှာဘဲဖြစ်သေးတယ်။ ရအောင်တော့လုပ်ကြည့်ချင်တယ်။ လုပ်ပြီးသားရှိတယ်ဆိုရင်လည်း ရှယ်ပေးကြပါ။ မြန်မာလို မြင်ရတာဆိုလို့ ၁၂၃၄ တွေဘဲရှိတယ်။ ဒါလည်း မဆိုးဘူး။ နောက်ဆို စာလုံးတွေ မြင်ရနိုင်တယ်။ MS ကဘာလို့ မလုပ်နိုင်သေးလည်းဆိုတာ မြန်မာနိုင်ငံမှာ standard မဝင်တဲ့ ဖောင့်တွေ အသုံးများနေပြီး ယူနီကုဒ်ကို အသုံးတော့ မြန်မာနိုင်ငံကို standard ထဲ မထည့်ဘူးပေါ့. ရှင်းနေတာဘဲ။