Myanmar Unicode Guide and News 2012

ကျွန်တော် မြန်မာယူနီကုဒ်ကို စသုံးတာ အခုဆိုရင် တစ်နှစ်ကျော်ကျော်ရှိပါပြီ။ ကျွန်တော် စသုံးကတည်းက ထွေထွေထူးထူး ပြဿနာဆိုလို့ ကျွန်တော့ ဘလော့တွေမှာ မြန်မာယူနီကုဒ်ကို ဖောင့်မရှိပဲနဲ့ မြင်ရအောင်လုပ်တုန်းကပဲ နည်းနည်းလေး သူများတွေကို လိုက်မေးရပါတယ်။ နောက်ပိုင်း မမြင်ရတာ၊ ဖတ်လို့မရတာ စတဲ့ ပြဿနာတွေ မဖြစ်ခဲ့ပါဘူး။ အခုဆိုရင် ယူနီကုဒ်က အထူးအဆန်းကြီး မဟုတ်တော့ပါဘူး။ တော်တော်များများ ဆိုဒ်တွေလဲ သုံးနေကြပါပြီ။ မြန်မာ အိုင်တီလောကမှာ ရှိတဲ့ ဆိုဒ်တော်တော်များများမှာ ယူနီကုဒ်တွေပဲ သုံးပါတယ်။ ဘာလို့သုံးရတယ်၊ ဘာကြောင့်သုံးတယ်ဆိုတာ ပြောပြရင် ဒါတွေပဲပြောတယ်ဖြစ်နေတော့မယ်။ ရှင်းရှင်းပြောရရင်တော့ အားလုံးသုံးသင့်လို့ သုံးတာပဲ။ အာလုံးသုံးသင့်တဲ့ စနစ်တစ်ခုဆိုရင် မမှားပါဘူး။ နောက်ပိုင်း ယူနီကုဒ် မသုံးရင် မြန်မာလို မမြင်ရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာမှ ယူနီကုဒ်ကို သုံးချင်တယ် ဆိုရင်လည်း ကျွန်တော် ဘားမှ ပြောလို့မရပါဘူး။ အားလုံးမှာ လွတ်လပ်မှုရှိပါတယ်။ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရှိပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ ဘာဆက်လုပ်မလဲ၊ သုံးတဲ့သူကသုံး၊ မသုံးတဲ့သူက မသုံးဆိုတော့ ယူနီကုဒ် ဆိုတာကြီးကို ဘာမှန်းမသိတဲ့ သူတွေရှိသလို၊ ယူနီကုဒ်နဲ့ ရေးပြီး ပိုစ့်တင်ရင် သူများတွေ မဖတ်တတ်အောင် ရေးတယ်ဆိုပြီး အပြောခံရတယ်။ လူနားမလည်တဲ့ မြန်မာစာတွေကို ရေးတယ်ဆိုပြီး အပြောခံရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ရေးတာကို သူတို့ဖတ်လို့မရဘူး။ ကျွန်တော် ဘာရေးထားမှန်း သူတို့မသိဘူး ဆိုတော့ ကျွန်တော့ ရေးတာတွေကို ဖတ်ဖို့ စိတ်ဘယ်ပါတော့မလဲဗျ။ ကျွန်တော်လည်း ဘားမှသွင်းမထားပဲ ဖတ်လို့ရအောင် Font Embed တွေလုပ်ထားပါတယ်။ မျိုးစုံ လုပ်ထားပါတယ်။ ဆိုဒ်တော်တော်လေးပါတယ်။ ဒါတော် ဖတ်လို့ မရသေးဘူးလို့ပြောလို့ ကျွန်တော် ဒီပိုစ့်လေးနဲ့ မေးထားတဲ့သူကို ပြန်ဖြေထားလိုက်ပါတယ်။

ရိုးရှင်းတဲ့ နည်းတွေနဲ့ ကျွန်တော် ရှင်းပြပါ့မယ်။ ပထမဆုံး ဒီလင့် ကို Download လုပ်ထားပါ။ အဲ့ထဲမှာ အကုန်ပါတယ် ဘာတွေလုပ်ရမလဲဆိုတာတွေ။ ဖတ်ကြည့်ပါ။ ကျွန်တော် ဆိုဒ်ကို မြန်မာယူနီကုဒ်ဖောင့် တစ်ခုရှိတာနဲ့ ဖတ်လို့ရပါပြီ။ ကျွန်တော်ကတော့ Yunghkio ကို သုံးထားပါတယ်။ ကြည့်ရတာ လှပြီး ကြီးကြီးပေါ်လို့ပါ။ ဘယ် ယူနီကုဒ်မဆို အတူတူပဲ ပေါ်ပါတယ်။ အဲ့ဒါ Standard ဖြစ်တာပါပဲ။ ဖောင့်သွင်းတာကတော့ လွယ်ပါတယ်။ ဖောင့်ကို Double Click လုပ်ပြီး install လုပ်လိုက်ရင် ရပါပြီ။ မရဘူးဆိုရင် ဖောင့်ကို copy လုပ်ပြီး Window>>Font>> မှာ သွား paste လုပ်ရင် ရပါပြီ။ အဲလို သွင်းပြီးရင်တော့ ကျွန်တော် ဆိုဒ်ကို မြင်ရပါပြီ။
စာရိုက်ဖို့ကတော့ ပေါ်က ဖိုင်တွေထဲမှာ ပါတဲ့ ကီဘုတ်တွေထဲက ကြိုက်တဲ့ ဟာတစ်ခုကို သွင်းထားရင်ရပါတယ်။ ဒီလင့် မှာလည်း သွားဖတ်လို့ရပါတယ်။ ကျွန်တော် အဲ့အပိုင်းကို များများ မပြောလိုတော့ပါဘူး။ ကျွန်တော် အဓိက ပြောချင်တာက မြန်မာယူနီကုဒ်ရော ဇော်ဂျီ ရော နှစ်ခုလုံး အစဉ်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောချင်ပါတယ်။ ကျွန်တော် အခုလောလောဆယ် သုံးနေတဲ့ နည်းလမ်းတွေကတော့ Browser မှာ Add on (extension) တွေ သွင်းပြီး နှစ်ခုလုံး မြင်ရအောင် လုပ်ထားပါတယ်။ Firefox အတွက်ကတော့ Geasemonkey ကိုသွင်းထားပြီး Font Tagger ကို သွင်းထားပါတယ်။ Google Chrome အတွက်လည်း Font Tagger ရှိပါတယ်။ အသေးစိတ်ကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီလင့် မှာရှိပါတယ်။ အဲ့ဒါဆိုရင်တော့ နှစ်ခုလုံ အိုကေလောက်မယ် ထင်ပါတယ်။ မအိုကေဘူးဆိုရင် ကျွန်တော့ကို ကွန်မန့်ပေးပြီး မေးလို့ရပါတယ်။ ကျွန်တော် အားလုံးကို ပြန်ဖြေပေးပါ့မယ်။

ယူနီကုဒ်ကြောင်းသိချင်တယ်ဆိုရင်တော့ ဒီမှာ ဖတ်လို့ရပါတယ်။ ယူနီကုဒ် ဆိုဒ်တွေ ကိုသိချင်ရင်တော့ ဒီမှာ ရှိပါတယ်။ ပေးထားတဲ့ List ထက်ပိုရှိပါတယ်။ Fontfamily ကို Unicode|Zawgyi font force ပေးဖို့ Bookmark တွေလိုချင်ရင်တော့ ဒီလင့် မှာရှိပါတယ်။
ကျွန်တော် စာတွေကြီးရေးတာ များသွားပြီထင်တယ်။ ပုံလေးတွေပါရင် ပိုကောင်းပေမယ့် ကျွန်တော် အချိန်မရလို့ အတင်ပေးနိုင်တာ တောင်းပန်ပါတယ်။
အိုင်တီကိုကို။

PS: Keyboard တွေ များနေလို့ ဘယ်ဟာသုံးရမလဲ မသိဘူး။ တိကျတဲ့ ရိုးရှင်းတဲ့ Keyboard တစ်ခုလိုချင်တယ်ဆိုရင်တော့ မြန်စံ (Smart) ကိုသွင်းလို့ရပါတယ်။ Keymagic ကို အခြေခံထားတာပါပဲ။ All in One လုပ်ထားတာပါ။