Mobile Health Guide Application by Edwin Consulting Services

ဖုန်းကနေ မြန်မာနိုင်ငံက ဆေးခန်းတွေ ရဲ့ လိပ်စာတွေ၊ ဆရာဝန်ကြီးတွေ ထိုင်နေတဲ့ ဆေးခန်း၊ အချိန်၊ နေရာတွေကို ကြည့်လို့ရမယ့် Application တစ်ခုကို Edwin Consulating Service က လုပ်ထားပါတယ်။ သုံးရတာ မြန်ပြီး ရိုးရှင်းပါတယ်။ အချိန်မှန် မမှန်ကတော့ ကျွန်တော်လည်း သွားမကြည့်ဖူးတော့ အသိဘူး။ ကျန်းမာရေး အတွက်ဆိုတော့ ဖုန်းထဲမှာရှိထားတော့ အရေးကြီးရင် တော်တော် အသုံးဝင်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ သုံးမြို့အတွက် လုပ်ထားတာပါ။ သိချင်တဲ့ ဆရာဝန်ကြီးတွေကို ရောဂါ အမျိုးအစားလိုက် ရှာလို့လည်း ရပါသေးတယ်။ နောက်ထက် ကောင်းတာတစ်ခုက Multi Platform ဖြစ်တာပါ။ Android | Apple | Window Phone အားလုံးမှာ ရပါတယ်။ လောလောဆယ်တော့ Version 1.0 ပဲရှိပါသေးတယ်။ လိုချင်ရင်တော့ အောက်မှာ ယူလို့ရပါတယ်။ အောက်က ပုံလေးတွေမှာ ကိုယ့်ဖုန်းအမျိုးအစားအလိုက် နှိပ်ပြီး သွင်းလို့ရပါတယ်။ ဖုန်းက Screen Shot ရိုက်တာ မရလို့ မတင်တော့ပါဘူး။ လိုအပ်တာများ ရှိရင် ပြောပါလို့…
အိုင်တီကိုကို။