Add Me!Close Menu Navigation
Add Me!Open Categories Menu

Me and My Computer အပိုင်း ၁

ကျွန်တော် Computer ကိုစသုံးဖူးတာကတော့ ကျွန်တော် ၈တန်းအောင် ၉တန်းလောက်ကပါ။ ကျွန်တော့အကို နိုင်ငံခြားက ပို့ပေးတာပါ။ စက်က P4 ပါ။ Monitor ကတော့ LCD 13″ ပါ။ တော်တော်လေးကောင်းပါတယ်။ စစသုံးခါစဆိုတော့ ဘားမှမသိသေးဘူးလေ။ သိတဲ့အကိုကြီးတွေကို သွားခေါ်ပြီး Computer  ကို ဖွင့်ခိုင်းရတယ်။ သူက ပါလာတာတွေကို တတ်ပေးတယ်။ Computer ကို စစဖွင့်ဖွင့်ချင်း ပျော်လိုက်ရတာ အခုထိမှတ်မိသေးတယ်။ အဲ့တုန်းကဆို ကျွန်တော် Computer ကို ဖွင့်တေင် အဖွင့်တတ်သေးပါဘူး။ ဖွင့်ဖို့ကို သူများကို ခေါ်ပြီး လုပ်ခိုင်းရတာပါ။ သူက လိုတာလေးတွေသွင်းပေးတယ်။ အဲ့ဒီနေ့က နောက်ကျနေလို့ ကျွန်တော့ကို မသုံးခိုင်းလို့ စိတ်ကခုလု ခုလုနဲ့ အိပ်ခဲ့ရတယ်။ ကံကောင်းချင်တော့ Computer က ကျွန်တော့ အခန်းထဲမှာလေ။ အဲတုန်းက Computer ပို့ပေးဖို့ အမေက ကိုကြီးကိုပြောတဲ့ စကားလေးတောင် မှတ်မိသေးတယ်။ ” ရွှေမလိုဘူး၊ ငွေမလိုဘူး၊ Computer ဘဲလိုတယ်။” ကျွန်တော်တို့ကို ခေတ်မှီစေချင်တဲ့ ကျွန်တော့ အမေရဲ့ စိတ်ကို ကျွန်တော် လေးစားတယ်။ သူများတွေသိသလို သူ့သားတွေကို သိစေချင်တယ်။ သူများတွေ ရှိသလို သူ့သားတွေကို ရှိစေချင်တယ်၊ သူများတွေ ထားသလို သူ့သားတွေကို ထားချင်တယ်။ သူများ နောက်အောက်ကျမှာ ဘယ်တော့မှ မဖြစ်စေချင်တာ မိဘတိုင်းရဲ့ စိတ်ပါ။ တစ်ခုမတူတာက ကျွန်တော်တို့တွေ သူများတွေကို ကြည့်ပြီး ဘယ်တုန်းကမှ အားမငယ်ခဲ့ဘူ။ အားကျတာလေးတွေရှိတယ်၊ လိုချင်တာလေးတွေရှိတယ်။ ဒါပေမယ့် ကိုယ့်ဘဝကို သိတယ်။ ကိုယ့် Limit ကိုသိတယ်။ ထားပါတော့လေ အိမ်မှာ ကျင့်သုံးတဲ့ Policy တွေပြောရင် အများကြီးဘဲ။ ရှင်းရှင်းပြောရရင် စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ ကျွန်တော်တို့ အိမ်မှာ ကျွန်တော် မွေးကတည်းက ရနေတာ။ အိမ်က ဒီမိုကရေစီ နည်းနဲ့ ကျွန်တော်တို့ကို အုပ်ချုပ်တယ်လေ။

Computer ကြောင်းပြန်ဆက်ရရင် ကျွန်တော် အိမ်မှာ Computer  ရပြီတော့ အသုံးချတာ တော်တော်လေးကို မတန်ဘူး။ အကျိုးမရှိဘူး။ Computer ကို ဒီအတိုင်းကြီးသုံးတော့ ဘာလုပ်လို့ရလဲသိလား? အခွေကြည့်၊ အခွေကူး၊ ဂိမ်းဆော့၊ ဓာတ်ပုံတွေထည့်ကြည့်၊ သီချင်းနားထောင်၊ ပုံဆွဲ စတာလေးတွေဘဲလုပ်ခဲတယ်။ အဲဒါလေးတွေဘဲ သုံးလို့ရတယ်လို့ ထင်ခဲတယ်။ ကြာလာတော့ ရိုးလာတာပေါ့။ ရခါစကတော့ သုံးရင်ပျော်နေရော၊ နောက်ပိုင်းကျတော့ သုံးဖို့ထက် ကလိဖို့ကို ပိုပြီး လုပ်ဖြစ်ခဲ့တယ်။ ကျွန်တော် စပြီး ကလိတာကတော့ Software အခွေတွေ Install လုပ်တယ်။ သုံးကြည့်တယ်။ နောက်တစ်ခု စိတ်ဝင်စားစရာ တစ်ခုဖြစ်ခဲ့တယ်။ National CD  နေ Software ခွေတွေဝယ်ပြီး စမ်းသုံးခဲ့တယ်။ အဲဒါနဲ့ MS Word, Excel, Photoshop, Coral draw စတဲ့ Software လေးတွေကို သုံးတတ်လာတယ်။အဲအချိန်မှာ ကျွန်တော် အခြေခံသင်တန်းကို တစ်လလောက် တတ်ပြီးပြီပေါ့။ နောက်ပိုင်းတော့ ကျွန်တော် သုံးတတ်တဲ့ Software လေးတွေနဲ့ အသစ်အဆန်းလေးတွေလုပ်တယ်။ ပုံလေးတွေဆွဲတယ်။ သူငယ်ချင်တွေကို ပြတယ်။ ကျွန်တော်သိလိုက်ရတာက Computer ဆိုတာ တော်တော် သုံးလို့ရပါလား။ Software တွေရှိရင် Computer  ကတော်တော်လေးကို အသုံးဝင်ပါလားပေါ့။ ကျွန်တော်တို့မှာရှိတဲ့ စိတ်ကူးလေးတွေကို Computer နဲ့ အကောင်အထည် ဖော်လို့ရပါလားဆိုပြီး Computer ရှိအောင်လုပ်ပေးတဲ့ အကိုနဲ့ အမေကို ကျေးဇူးတင်လို့ မဆုံးဖြစ်ခဲ့ပါတယ်။

ဂိမ်းစွဲရောဂါ လည်းကျွန်တော် ရလာပါတယ်။ ၁၀တန်းအပြီးမှာ အားတယ်လေ။ အားတာနဲ့ ဂိမ်းပဲသွားဆော့နေတယ်။ နေမပူ၊ မိုးမရွာ၊ အန္တရယ်ကင်းတယ်လေ။ ၁၀တန်းတုန်းကတော့ အချိန်နဲ့ဘဲ Computer ကိုသုံးလို့ရတော့ ဘားမှာကောင်းကောင်း မဆော့ဖြစ်ဘူး။ ၁၀တန်းပြီးတော့မှ အသဆော့တော့တာ။ AOE, General, Counter, Warcraft3, Dota အကုန်ဆော့တယ်။ ပြိုင်ပွဲတွေ ဘာတွေမှာပါ ဆော့ဖြစ်တယ်။ အော်အော် Computer ဂိမ်း ကစားစရာ စက်တစ်ခုဖြစ်သွားပါလာ။ ဆိုင်မှာသွားပြိုင်၊ အိမ်မှာလေ့ကျင့်။ အားတယ်ကိုမရှိတော့ဘူး။ ကျွန်တော် ပြန်ပြောရရင် ဂိမ်းခွေတွေကို သွင်းရင်းနဲ့ကနေမှ Computer မှာ ဘာတွေပါတယ်ဆိုတာ သိလာတယ်။ ဂိမ်းခွေတွေမှာက Minimum Requirements တွေရေးထားတယ်လေ။ အဲဒါလေးတွေကို ဖတ်ပြီး ကိုယ့်စက်မှာ ရှိလား ဆိုတာစစ်ပြီး Hardware ပိုင်းကို တီးမိခေါက်မိ ရှိလာတယ်။ နောက်ပိုင်းတော့ ကောင်းကောင်းကြီးကိုသိသွားတယ်။ ဘာလို့လဲဆိုတော့ BIOS မတတ်တာကို ကလိရင်းနဲ့ Motherboard ကြီးပါ ထုတ်ပြီး ပြင်လိုက်တယ်လေ။ ဟိုလုပ်ဒီလုပ်နဲ့ နောက်ဆုံး ဆိုင်ရောက်သွားတယ်။ BIOS မတတ်တော့ဘူးဆိုပြီး အသစ်လဲခိုင်းလို့ လဲလိုက်တယ်။ ဆိုင်ကနေ Motherboard အဟောင်းကြီးကို ပြန်သယ်လာပြီး အသေကလိတော့တာဘဲ။ အစကတည်းက ကလိတတ်တာ ဝါသနာပါလာတော့ တော်ဖြစ်သွားတယ်။ ခဲတွေဘာတွေ စမ်းပြီး စော်ကြည့်တယ်။ Motherboard က ခဲစော်တာက မလွယ်ဘူး။ သူက Chip တွေကို ထပ်ထားတာ အပေါက်ထဲထည့်ပြီး စော်လို့မရဘူး။ အဲအချိန်မှာ ကျွန်တော့ သူငယ်ချင်းတစ်ယောက်က တီဗီတွေဘာတွေ ပြင်တဲ့ဆိုင်ရှိတယ်။ ဒီကောင်က ကျွမ်းတော့ သူဆီကနေ သင်ပြီး အိမ်မှာ တွေ့သမျှ Circuit တွေ ခဲလိုက်စော်တယ်။ ဟဲဟဲ။ ကောင်းသွားတာရှိသလို ပိုဆိုးသွားတာတွေများပါတယ်။ အဲလိုနဲ့ ကျွန်တော် စက်တွေနဲ့ ရင်းနှီးလာခဲ့တယ်။ Computer တစ်ခုကို ကောင်းကောင်း တတ်ဆင်တတ်သွားတယ်။ အစမ်းသပ်ခံကတော့ အိမ်က ကျွန်တော့ Computer လေးပေါ့။

ကျွန်တော် Internet ကို လုံးလုံးမသိသေးပါဘူး။ ကြားဖူးယုံလောက်ဘဲရှိပါသေးတယ်။ သန်တန်းမှာ ပေးသုံးတုန်းက လုပ်ထားတဲ့ email account လေးကိုတော့ ကျွန်တော့ စာအုပ်လေးပါ မှတ်ထားပါတယ်။ သန်တန်က ဆရာမကပြောတယ်။ email ဆိုတာ မင်းရဲ့ online ပေါ်က address တဲ့။ email မရှိရင် မင်းဆီမှာ နေစရာမရှိတာ၊ ဆက်သွယ်စရာမရှိတာနဲ့ တူတူပဲတဲ့။ ကျွန်တော်လည်း မှတ်ထားလိုက်ပါတယ်။ ရန်ကုန်မှာ အဲ့အချိန်တုန်းကလဲ Internet ဆိုတာ ရှာပါတယ်။ ကျွန်တော်လဲ ဘားမှကောင်းကောင်းမသိဘူး။ ကောင်းကောင်းဘားမှ အသုံးဖူးဘူး။ ဘာတွေကောင်းလို့ ကောင်းမှန်လဲမသိဘူး။ နောက်တော့ Gmail ဆိုတာစတင်ပေါ်လာပြီးတော့ 2004-05 လောက်ထင်တယ်။ ကျွန်တော် စပြီးသုံးပါတယ်။ အဲ့မတိုင်ခင်မှာ MRIC ဆိုတဲ့ chat တစ်ခုကိုသူငယ်ချင်းတွေသုံးနေတာမြင်လို့ သုံးဖြစ်သေးတယ်။ မသိတဲ့လူတွေနဲ့ ချက်တင်လုပ်ပြီး စကားပြောတာပေါ့။ ကျွန်တော် မကြိုက်လို့ နောက်ပိုင်း ဆက်မသုံးဖြစ်တော့ဘူး။ Gmail ကို အကောင့်လုပ်ပေးတဲ့ အချိန်မှာ ကျွန်တော် BC မှာပါ။ Internet ကို အလကားပေးသုံးတာပါ။ အချိန်နဲ့သုံးရပါတယ်။ BC member လုပ်ထားပါတယ်။ အဲ့မှာဘဲ စတင်သုံးပြီးတော့ Internet ကို ကောင်းကောင်းသုံးတတ်လာတယ်။ သတင်တွေ ဖတ်လာတယ်။ BBC World ကို အမြဲဖတ်တယ်။ ကျွန်တော့ Email ထဲကို ရောက်အောင် လုပ်ထားတယ်လေ။ စစသုံးချင်းတုန်းကဆို Email လိပ်စာတွေကို Address bar ထဲမှာ ရေးပြီး ရှာတယ်။ လုပ်လို့မရတော့ ဘေးကသုံးနေတဲ့ သူကို သွားပြီး မေးတယ်။ ငါ့ Internet ဘာဖြစ်မှန်မသိဘူးဆိုပြီးတော့။ ပြန်တွေးမိရင် တော်တော်ရယ်ချင်တယ်။ ဘားမှမသိတဲ့ လူငယ်တစ်ယောက် သတင်းလေးတွေဖတ်ဖို့ ကြိုးစားနေရပါလား။ နောက်ဆုံးတော့ ကျွန်တော် ဘယ်ဟာက email ဘယ်ဟာက website ဆိုတာသိသွားပါတယ်။ ကျွန်တော့ကို စိတ်ရှည်ရှည်နဲ့ ပြပေးတဲ့ ကိုစိုင်း ကို အခုထိ မမေ့းပါဘူး။

အပိုင်း ၂ မျှော်။

Posted By အိုင်တီကိုကို

I am just what I am! Code Ninga, Design Maker and Creative Worker. Gadgets Lover!

Mobile and Web Analytics ipv6 ready