Korea Acapella Songs

သူငယ်ချင်းတစ်ယောက် facebook မှာတင်ထားတာလေးတွေ့ပြီး ကြိုက်လို့ ပြန်ပြီး တင်လိုက်တာပါ။ ကိုရီးယား နာမည်ကြီး သီချင်တွေပါ။ ဘယ်လိုမှ မထင်ထားတဲ့ ပုံစံမျိုးတွေနဲ့ ဆိုထားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အသက်ကြီးတဲ့ သူတွေဆိုထားတာဖြစ်လို့ ခံစားမှုတစ်မျိုးလေးဖြစ်သွားအောင် တင်လိုက်တာပါ။ အခုရက်ပိုင်းတွေမှာ အလုပ်တွေများနေလို့ စာကောင်းကောင်းမရေးဖြစ်ဘူး။ ရန်ကုန်ပြန်တုန်းက ရေးထားတဲ့ ပိုစ့်တွေကိုတောင် ကောင်းကောင်းပြန်ပြီး မတင်နိုင်သေးဘူး။ ဓါတ်ပုံတွေဆို ဒီအတိုင်းဘဲထားထားတယ်။ ကွန်ပျူတာထဲတောင် မထည့်နိုင်ဖြစ်နေတယ်။ အလုပ်ရှုပ်တာက တစ်ဝက်၊ ပျင်းတာက တစ်ဝက်ပေါ့ဗျာ။ အလုပ်ရှုပ်တာကတော့ Android App တစ်ခုပြီးအောင်ရေးနေရလို့ပါ။ ပြိုင်ပွဲတစ်ပွဲအတွက်ပါ။ နောက်လလောက်တော့ အချောသပ်ပြီးမှ ဖြစ်မယ်ဗျ။ အောက်မှာ ကြည့်ပြီး ကိုရီးယား သီချင်းကြိုက်တဲ့ သူများ ပျော်ရွှင်နိုင်ပါစေ။

PS. ကျွန်တော် ကိုရီးယား ခရေစီ မဟုတ်ပါဘူးဗျာ။

ပါတဲ့သီချင်းတွေကတော့…
2NE1 – I Don’t care
SNSD – Genie
IU & Seulong – Nagging
2PM – Heartbeat
SHINee – Ring Ding Dong
Secret – Shy Boy
G-Dragon – Heartbreaker
2AM – Can’t Let You Go Even If You Die