Introduction of Scientific Thinking

ကျွန်တော်ဒီရက်ပိုင်း စာရေးချင်စိတ်ရှိနေတာနဲ့ ရေးမိခဲ့တယ်။ ရေးထားတာကကြာနေပါပြီ၊ အခုမှ ပြီးလို့တင်လိုက်တာ။ အကြာင်းအရာကတော့ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ကျောင်းမှာသင်ခဲ့တာနဲ့ ကိုယ့်ဟာကို စာအုပ်တွေ ဖတ်မိရင်းနဲ့ ရလာတဲ့ အသိတွေကို ပေါင်းပြီ: ရေးလိုက်တာပါ။ ကိုယ်ထင်သလို၊ နားလည်သလို ရေးထားတာဖြစ်လို့ အမှားပါရင် ပြောပေးပါလို့ အရင်ဆုံး တောင်းပန်လိုက်ပါတယ်။

အဓိက ပြောချင်တာကတော့ ကျွန်တော်တို့လို လူငယ်လေးတွေ ကို အထင်မှား အမှတ်မှားတွေဖြစ်တဲ့ ရှေးရိုးအတိုင်း တွေးခေါ်ပုံတွေနဲ့ အခုခာတ် သိပ္ပံနညး်ကျ တွေးခေါ်ပုံလေးတွေကို သိသလောက်ရေးလိုက်တာပါ။ အရင်ဆုံး သိပ္ပံနည်းကျမတွေးခင် ကြောင်းအရာ ၂ ခုကို အရင်ခွဲမှတ်ဖို့လိုပါတယ်။ အဲ့ဒါကတော့ observation and explanation ပါပဲ။ အကြောင်းအရာတစ်ခုက်ု သိပ္ပံနည်းကျမကျ သိဖို့က ဒီနှစ်ခုကို နားလည် အဘောပေါက်ရင် ဆက်သွားလို့ရပါပြီ။

Observation ဆိုတာကတော့ အာရုံငါးပါးကနေ(sight, hearing, touch, smell, taste) ရလာတဲ့ description ဖြစ်တယ်။ ဉပမာပြောရရင် အော်သံကြားလို့ ကြည့်လိုက်တဲ့ အခါမှာ သူခိုးက ကောင်မလေးရဲ့ အိတ်ကို ယူပြေးသွားပြီ။ အဲ့ဒီစာမှာဆို အာရုံ၂ခုပါတယ်။ ကြားတာနဲ့ မြင်တာ။ ရှင်းရှင်းပြောရရင် Observation ဆိုတာ ကိုတွေ့တာ၊ မြင်တာ၊ ကြားတာ၊ စတဲ့ အသိတွေနဲ့ ရှင်းသွားတာ။

Explanation ကတော့ မတူတော့ဘူး။ ဘာမတူလဲဆိုတော့ သူက ဖြစ်တဲ့အကြောင်း ကို ပိုအလေးထားတယ်။ ကျွန်တော်တို့ Observe လုပ်ထားတာရဲ့နောက်ကွယ်မှာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဉီးစားပေးပြီးပြောပြသွားတာ။

Observation vs Explanation Observation ပေါ်မှာမူတည်ပြီး Explanation တွေအများကြီ:ပြောလို့ရတယ်။အဲ့ဒီ Explanation တွေထဲကနေမှ ဘယ်ဟာကတော့ သိပ္ပံနည်းလမ်းကျလဲ ဆိုတာ ခွဲရမယ်။ အရှင်းဆုံးသိရမှာက သိပ္ပံနည်းကျ ရှင်းလင်းချက်က စမ်းသပ်ခံနိုင်ရမယ်။ နည်းလမ်မျိးဆုံနဲ့ စမ်းသပ်တာကို ခံနိုင်ရမယ်။ စမ်းသပ်တဲ့အခါမှာ အကြိမ်ကြိမ် စမ်းသပ်လည်း မှန်ရမယ်။ အဖြေတစ်ခုတည်းပဲ ထွက်ရမယ်။ အဲ့ဒါဆိုရင် ရှင်းလင်းချက်က သိပ္ပံနည်းလမ်းကျးတယ်လို့ ပြောလို့ရမယ်။ ကိုယ်ထင်ရာ မြင်ရာတွေကို သိပ္ပံနည်းလမ်းကျပါတယ်လို့ ဘယ်လိုမှ ပြောလို့မရပါဘူး။ ဟိုးရှေးခာတ်တုန်းက ပြောခဲ့တဲ့ စကားလုံးတွေဟာ စိတ်ထဲရှိတာတွေကို ပြောထားတာမဟုတ်ဘူး။ အကြိမ်ကြိမ် စမ်းသပ်ပြီ:မှ လက်ခံခဲ့ကြတာ။

သိပ္ပံနည်းကျ တွေးတော့မယ်ဆိုရင် အရေးကြီးတဲ့ အရာလေးတွေကို ပြောချင်ပါတယ်။ ဘာတွေလဲဆိုတော့…
Empiricism
တွေးထားတဲ့အရာတွေက သဘာဝကျရမယ်၊ သက်သေပြနိုင်ရမယ်။ အပြန်ပြန် အလှန်လှန် စမ်းသပ်လို့ရ ရမယ်။
Rationalism
logic ကျရမယ်လို့ ပြောတာ။ ကိုပြောလိုက်တဲ့ အရာ၊ ကိုယ့်ထင်မြင်ချက်တွေက ရှင်းလင်းပြီး အကြောင်းပြချက် ခိုင်လုံနေရမယ်။
Scepticism
ကိုယ့်ထင်မြင်ချက်တွေကို သူများတွေက ဆက်လက် မေးခွန်းထုတ်နိုင်တယ်။ doubt ဖြစ်နေကောင်းဖြစ်နေမယ်။ အဲ့ဒါကို မေးခွန်းဆက်မေးရင်နဲ့ အသိပညာတိုးတတ်လာနိုင်တယ်။

အထက်ပါ သုံးခုကို သိရှိထားရင် အနည်းဆုံးတော့ သိပ္ပံနည်းလမ်းကျတယ်ဆိုတာ ဘာလဲဆိုတာကို အကြမ်းလောက်တော့ သိလောက်မှာပါ။ နောက်ကျမှ Atomistic & Holistic Approach ကို ဆက်ရေးတော့မယ်။ ဒီနေ့တော့ ဒါနဲ့ပဲ ရပ်ပါတော့မယ်။

ဆက်ပါအုံးမည်…