Google’s – Doodles

PhotobucketDoodles က ဘာလဲဆိုတာကို Google သုံးဖူးတဲ့ လူတော်တော် များများ သိမယ်လို့ထင်ပါတယ်။ အမြဲလိုလို Google က နေ့ထူးနေ့မြတ်တွေ၊ အထင်ကရနေ့တွေ၊ နာမည်ကျော်၊ ကမ္ဘာကျော် ပုဂ္ဂိုများရဲ့ လူသားတွေကို ပြောင်းလဲမှုတွေပေးခဲ့၊ တီထွင်ခဲ့တဲ့ နေ့ တွေမှာဆို Google Home Page ကို သွားလိုက်ရင် Google Logo က ပုံမှန်နဲ့ မတူအောင် ပြောင်းလဲနေတယ်ဆိုတာ သတိထားမိလောက်မယ် ထင်ပါတယ်။ Google သုံးတဲ့ သူတွေကို သမိုင်းဝင် နေ့ထူးနေ့မြတ် တွေကို သိအောင် ပြောပြနေသလို ဖြစ်ပါတယ်။ အပျော်သဘောလုပ်ထားတာ ဆိုပေမယ့် သုံးတဲ့သူတွေကို တစ်ဖတ်တစ်လှမ်းက သတိပေးသလို ဖြစ်နေတာကို သဘောကျမိတယ်။ အခုလောလောဆယ်တော့ Happy Holidays from Google ဆိုတဲ့ Doodle လေးကို တွေ့မယ်ထင်ပါတယ်။

ဘယ်တုန်းကတည်းက Doodles ကို စလုပ်တာလဲဆိုတော့ ၁၉၉၈ လောက်ကတည်းက ရှိနေပါတယ်။ ဘယ်လောက်များများ ရှိလဲဆိုရင်တော့ ၁၀၀၀ ကျော်ရှိပါတယ်။ Google ရဲ့ illustrators ခေါ် doodlers တွေက တစ်မျိုးနဲ့ တစ်မျိုး မတူအောင် အမျိုးမျိူးလုပ်နေပါတယ်။ Google users တွေကလည်း Ideas တွေ ပေးပို့လို့ရပါတယ်။
Doodles တွေကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီလင့် မှာရှိပါတယ်။

Photobucket