Google I/O 2012 Registration will open on March 27, 2012.


Apple ကတော့ အသစ်အနေနဲ့ New iPad ကို ပွဲထုတ်သွားပါတယ်။ Apple Mobile လောကရဲ့ ပြိုင်ဘက်ကြီး Google ကတော့ ဘာတွေအသစ်ထုတ်မယ်ဆိုတာ ကြိုမသိရှိရသေးပါဘူး။ Google I/O 2012 မှာ ဘာတွေအသစ် အဆန်းတွေ ထုတ်ပြမလဲဆိုတာ သိချင်ရင်တော့ ဒီလင့် ကို နှိပ်လိုက်ပါ။ နောက်ဆုံးနည်းပညာတွေနဲ့ ရေးထားတဲ့ Website တစ်ခုကို ရောက်သွားမှာပါ။ Input/Output ဆိုတာလေးတွေရဲ့ အောက်နားက Start building ကို ထက်နှိပ်လိုက်ရင်တော့ Toolbox လေးတွေနဲ့ ကစားရတဲ့ ဂိမ်းလေးကို တွေ့ရမှာပါ။ဘာဖြစ်လာမလဲဆိုတာ သိချင်ရင် နိုင်အောင်ဆော့လိုက်ပါ။

Google I/O 2012 ကိုသွားဖို့ လက်မှတ်ဝယ်ချင်ရင်တော့ Google+ နှင့် Google Wallet ရှိရမှာဖြစ်ပါတယ်။ Price ကတော့ $900 and $300 ပါ။ $300 ကတော့ ကျောင်းသားတွေအတွက်ပါ။ Register လုပ်ချင်တယ်ဆိုရင်တော့ ဒီလင့် ကနေလုပ်လို့ရပါတယ်။ လောလောဆက်တော့ လုပ်လို့မရသေးပါဘူး။ ၂၇ ရက်နေ့မှ ရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီတစ်သက် သွားနိုင်မယ် မထင်ပါဘူးဗျာ။ မနှစ်တုန်းကလိုဘဲ Youtube ကနေ စောင့်ကြည့်ရမှာပေါ့။