Google+ Games

Google က မနေ့ကပဲ Google+ အတွက် Game ကို စဆော့လို့ရပါပြီ။ Game ဆော့ချင်တဲ့ သူတွေအတွက်တော့ ပျော်စရာပေါ့။ မဆိုးပါဘူး တော်တော်လေးတော့ရှိပါတယ်။ Facebook လောက်တော့ မဆုံသေးဘူး။ နောက်ပိုင်းအသစ်တွေ ထက်ထွက်ဖို့တော့ရှိမှာပါ။ အခုလောလောဆယ်တော့ ၁၅ခုလောက်ပဲရှိအုံးမယ်။ Angry Birds, Diamond Dash, Bubble Island, City of Wonder ကတော့ ကျွန်တော့ အကြိုက်ဆုံးဂိမ်းတွေပါဘဲ။ တော်တော်များများကတော့ Chrome မှာလည်းဆော့လို့ရတဲ့ ဂိမ်းလေးတွေပါ။ နောက်ထက်ကောင်းတာတစ်ခုက ဂိမ်း တွေကို tab တစ်ခုလို ခွဲထုတ်ထားတာပါ။ ပြီးတော့ Featured Games, All Games, Game Notifications and Recent Played ဆိုပြီး အမျိုးအစားတွေခွဲထားတော့ ကောင်းတယ်။ ကြည့်ရတာရှင်းတယ်။ Manage လုပ်ရတာပိုအဆင်ပြေတယ်။
အခုဆိုရင် G+က တော်တော်လေးကို ဆုံနေပါပြီ။ Social Network ကောင်းကောင်းတစ်ခုလို့ ပြောလို့ရနေပြီလို့ထင်တယ်။ မြန်မာတွေအတွက်တော့ အကောင်းဆုံးပဲလေ။ ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံမှာအများဆုံးသုံးလို့ရတာဆိုလို့ ဒီတစ်ခုပဲရှိတာ။ လူတော်တော်များများကလည်း Gmail ပဲသုံးကြတယ်။ email address မေးရင်တောင် ” What is your email address?” လို့မမေးကြတော့ဘူး။ “What is your Gmail address?” လို့ပဲမေးကြတော့တယ်။ ကံကောင်းတယ်လို့ဆိုရမယ်။ အကောင်းဆုံး email provider တစ်ခုကို အသုံးပြုခွင့်ရှိလို့ပါ။ နောက်ပိုင်းဆို အားလုံးကို gmail မှာအကုန်လုပ်လို့ရအောင် Google ကလုပ်မယ်ထင်တယ်။ အခုတောင် တော်တော်လေးများနေပြီ။ Web, Social Networking, Email, Calender, Documents, Reader, Maps, News, Picasa, etc. အားလုံးက အရမ်းအသုံးဝင်တယ်။ ကျွန်တောကတော့ Google တစ်ခုနဲ့တင်တော်တော်လည်း အဆင်ပြေနေပါပြီ။ အားလုံးလည်း အဆင်ပြေကြပါစေဗျာ။