Add Me!Close Menu Navigation
Add Me!Open Categories Menu

Google Chromecast

chromecast_buy
Google Chromecast လိုချင်နေတာနဲ့ Amazon ဝယ်ထားလိုက်တယ်။ အရင်လို laptop ကို HDMI cable နဲ့ TV မှာ အကြီးကြီး မကြည့်ရတော့ဘူးပေါ့။ $35 ဆိုတာ ပြောရရင် မဆိုးပါဘူး။ Youtube ပုံမှန်ကြည့်တတ်တဲ့ ကျွန်တော့အတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။ အိမ်မှာလည်း TV က ဘားမှ ကြည့်စရာလိုင်းမရှိတော့ အားရင် မိသားစုနဲ့ အတူတူ ကြည့်လို့ရတယ်။

Amazon ကတော့ November 01, 2013 – November 22, 2013 လောက်ရောက်မယ်လို့ပြောတာဘဲ။ စင်္ကာပူကိုတော့ ပိုပြီးနောက်ကျမယ်ထင်တယ်။ အစတုန်းက Google TV ဝယ်ချင်နေတာ ဈေးကြီးလို့ စဉ်းစားနေတာ။ အခုတော့ မဝယ်ဖြစ်တော့ဘူးပေါ့။ Chromecast ဝယ်ရင်းနဲ့ Amazon မှာ ဟိုကြည့်ဒီကြည့်နဲ့ ဝယ်ဖြစ်သွားတာ $100 လောက်ကုန်သွားတယ်။ ဝယ်ရတာ လွယ်တာကတစ်ကြောင်း၊ ပိုတန်တယ်လို့ ခံစားရတာကတစ်ကြောင်း Online ကနေ တော်တော်များများ ဝယ်ဖြစ်ခဲ့တယ်။ နောက်ပိုင်း ပိုဝယ်ဖြစ်မယ်ထင်တယ်။
chromecast

Posted By အိုင်တီကိုကို

I am just what I am! Code Ninga, Design Maker and Creative Worker. Gadgets Lover!

Mobile and Web Analytics ipv6 ready