First wEek as a crEative Designer

အလုပ်များနေတာနဲ့ ဘားမှကို ကောင်းကောင်း မလုပ်ဖြစ်ဘူး။ အလုပ် အသစ်မှာ တော်တော်လေး လိုက်လုပ်နေရတယ်။ အလုပ်ဆို Software Development အပိုင်းမဟုတ်ဘဲနဲ့ Design အပိုင်းဖြစ်နေတော့ နားလည်အောင် တော်တော်လေး လိုက်လုပ်ရတယ်။ Code အပိုင်းထက် Design အပိုင်းပိုလုပ်ရတယ်။ Design တော်တော်များများ လုပ်နေရတယ်။ Graphic Design, Web Design, UI Design, Icons, Logos စတာတွေပါ လုပ်ရတော့ ကျွန်တော်လို့ လူသစ်တစ်ယောက်အဖို့ တော်တော်လေး လိုက်လုပ်ရတယ်။ Design အပိုင်းက ရင်းရင်းနီးနီးတော့ရှိပါရဲ့ ဒါပေမယ့် လက်တွေ့အပိုင် အားနည်းတော့ လုပ်တာ ကိုင်တာ နှေးတာပေါ့။ ပြီးတော့ Mac OS X နဲ့ သုံးနေကြမဟုတ်တော့ တော်တော်လေး ဒုက္ခရောက် တယ်။ Adobe CS5 ကိုလည်း တော်တော်လေး သုံးရတယ်။ အရင်တုန်းက အွန်လိုင်းက ဟိုရှာဒီရှာ၊ ဟိုကူးဒီကူးနဲ့ လုပ်လာတော့ လက်တွေ့ စဉ်းစား လိုက်တော့ Design ပိန်းတိန်းတိန်းတွေဘဲ ထွက်လာတယ်။ လက်တွေ့လုပ်တော့ အချိန်တော်တော်လေး ကုန်တာကို သတိထားမိတယ်။ မန်နေဂျာကတော့ တော်တော်လေး သင်ပေးတယ်။ တစ်ပတ်လောက် အတွင်းမှာ သတိထားမိလာတာက Software အပိုင်း ကျွမ်းကျင်လာတယ်။ သုံးပါများလို့ထင်ပါရဲ့၊ Shortcut ရဲ့ အသုံးဝင်တာလေး သိလာတယ်။ Mouse movement လုပ်ရတဲ့ အချိန်က ကြာသလို့၊ လူကိုပိုပြီး ပင်ပန်းစေတယ်။ မျက်စိပိုပြီး ညောင်းလာသလိုဘဲ ဘာလို့လည်းဆိုတော့ Mouse ကို click လုပ်ဖို့ လိုက်ကြည့်နေရလို့။

နောက် အပိုင်းတစ်ခုက PSD ကနေ HTML ပြောင်းတာ အခုမှ လက်တွေ့ သေသေချာချာ လုပ်မိတော့တယ်။ Grid System သုံးကြည့်တာ မဆိုးဘူး တော်တော်လေး အစဉ်ပြေတယ်။ ချိန်ရတာ ညှိရတာ အများကြီး လုပ်စရာမလိုတော့ဘူး။ အစတုန်းကတော့ Design ကို အဲ့လောက် အရေးမပါဘူးထင်ထားတာ၊ အခုတော့ တော်တော်လေး လုပ်နေရပြီ။ အရေးပါမှန်းလည်း သိသွားပြီ။ ကိုယ့်ပစ္စည်းတစ်ခု ရောင်းထွက်ဖို့ဆိုတာ UI, UX Developer အပေါ်မှာ တော်တော် များများဆိုင်တယ်။ အဲ့ဒါကို ကြိုက်မှ နောက်ပိုင်း အလုပ်ဆက်လုပ်လို့ရမှာလေ။ Design အပိုင်း Approved ဖြစ်မှာ နောက် Development ပိုင်း ကို Develop Team က ဆက်လုပ်ပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့လို့ ကျောင်းပြီးစ လူတစ်ယောက်အတွက်ကတော့ အရာရာ သင်ယူစရာတွေနဲ့ ပြည့်လို့နေပါတယ်။ ကိုယ်မကျွမ်းတဲ့ အပိုင်းဆိုတော့ ပိုပြီးတော့တောင် သင်စရာများသေး ကျွန်တော်ကတော့ ပျော်တယ်။ အလုပ်ဆိုတာ လုပ်ဖို့ဘဲဆိုတာထက် ပျော်ဖို့ကလည်း အရေးကြီးသေးတယ်။ နောက်ပြီး ကိုယ့်အတွက် အကျိုးအမြတ် ရှိဖို့လည့်း လိုသေးတယ်၊ သင်ယူစရာ ဘားမှမရှိတဲ့ အလုပ်မျိုးကျွန်တော် မလုပ်နိုင်ဘူး။ ကိုယ့်ကို တိုးတတ်အောင်၊ အသိပညာ၊ အတတ်ပညာ တွေ ရှိလာအောင် လုပ်နိုင်တဲ့ အလုပ်မျိုးမှ နောင်မှာ ငါ့မှာ ဘာ အတွေ့အကြုံရှိတယ် လို့ပြောလို့ရမှာပေါ့။

ဒီတစ်ပတ် အလုပ်က အရင်အပတ်ထက် အများကြီးကွာသွားသလို့ နောက်တစ်ပတ်ကျရင်လည်း ပိုပြီး ပိုပြီး အလုပ်တွေများလာတော့မယ်လို့ ကြိုတင်တွေးပြီး စောစောထဖို့ စောစောအိပ်တော့မယ်။

FYI
Websites with Large Background Images
One-Page Designs
Websites with Textures and Patterns
Responsive Web Design Examples
Flat UI Design Inspiration