Facebook Timeline Moviemaker

Facebook ကို တော်တော်များများ သုံးကြပါတယ်။ လူကြီးရော ကလေးရော နိုင်ငံရေးသမားရော ဘာသာရေးသမားရော စာရေးဆရာ ဓာတ်ပုံဆရာ အကုန်သုံးပါတယ်။ နောက်ဆုံးအနေနဲ့ Facebook က Timeline ကို လုပ်ခဲ့ပြီးတာ အခုဆို တော်တော်များများ သုံးပြီးလောက်ပြီပေါ့။ Facebook မှာ ဘာတွေအသစ်တွေရှိတာကို ကျွန်တော် ဒီပိုစ့် မှာ ရေးခဲ့ပြီးပါပြီ။ အခုနောက်ထက်တစ်ခုက Facebook Timeline Movie Maker ပါ။ ပြောရရင် တော်တော် လန်းတယ်လို့ဆိုရမယ်။ ဘာလို့လဲဆိုတော့ ကိုယ် Facebook မှာဖြစ်ခဲ့တာတွေ ကို အချိန်အလိုက် ပြန်ပြီး ဗီဒီယို ပြန်လုပ်ပေးထားတာပါ။

Timeline Movie Maker ကို Click ပြီးရင်။ Log in ဝင်ရပါမယ်။ ကိုယ့် Facebook ကိုသုံးပြီး ဝင်ရမှာပါ. ပြီးရင် User Permission ကို ခွင့်ပြုလိုက်ပါ။ သူ့ဟာသူ ကောင်းတဲ့ ပုံလေးတွေကို ယူပြီး Movie လုပ်ပေးပါလိမ့်မယ်။ ပြီးရင် ရပါပြီ။ Video မှာပါလာတဲ့ ပုံတွေကို မကြိုက်ရင် Remake Movie ကနေ ပြန်ကြည့်လို့ရပါတယ်။ ဒါဆိုရင်တော့ Timeline Movie တစ်ခုရပါပြီ။ ကျွန်တော်လုပ်တာကတော့ မရဘူးဖြစ်နေတယ် ဘာလို့လဲတော့ မသိဘူး။ ရတော့မှဘဲ ကျွန်တော် တင်ပေးလိုက်ပါ့မယ်။

Update : My Timeline Movie is here.