Dropbox ကနေ 23GB ယူချင်တယ်ဆိုရင်

Dropbox space ကို 23GB ဖြစ်ချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်း လုပ်လိုက်ရင် ရပါပြီ။ Android ဖုန်းတွေ အတွက်ဘဲ ရမှာပါ။

  1. လက်ရှိသွင်းပြီးသား Dropbox ကို ဖျက်လိုက်ပါ။ အကောင်းဆုံးကတော့ Forceclose လုပ်ပြီး Uninstall လုပ်လိုက်ပါ။
  2. ပြီးရင်တော့ ဒီလင့် ကနေ apk ကို ယူလိုက်ပါ။
  3. နောက်တစ်ခါ apk ကို ဖုန်းထဲထည့်ပြီး သွင်းလိုက်ပါ။
  4. EnableUnknown sources ကို  click လုပ်ထားပါ။
  5. သွင်းပြီးရင်တော့ Dropbox ကို အရင်အတိုင်း Login ဝင်လိုက်ပါ။ အားလုံးဝင်ပြီးသွားရင် တော့ ရပါပြီ။
  6. ခဏတော့ စောင့်ရပါမယ်။ မိနစ် ၃၀ အတွင်း သင့်ရဲ့ Dropbox Email ကို email ဝင်လာပါလိမ့်မယ်။ ဒါဆိုရင် သင်ဟာ 23BG ကို ရသွားပါပြီး
  7. အားလုံးပြီးသွားရင်တော့ ခုဏက သွင်းထားတဲ့ Dropbox ကို ပြန်ဖျက်ပြီး ပုံမှန် Dropbox ကို ပြန်သွင်းလိုက်ပါ။

အားလုံး အိုကေပါတယ်။ တစ်ခုသိထားရမှာက Dropbox Guru အနေနဲ့ ပေးတာဆိုတော့ ၂နှစ်ဘဲ သုံးလို့ရမှာနော်။ Calendar မှာအချိန်ကို မှတ်ထားရင်တော့ ပိုကောင်းမယ်ထင်တယ်။

Credit : XDA-Developer