Add Me!Close Menu Navigation
Add Me!Open Categories Menu

Currently Browsing

တွေးမိတွေးရာ

4Ps အပိုင်း (၂) – Professionalism

အပိုင်း (၁) – Purpose ပြီးတော့… အခု အပိုင်း (၂) ကတော့ Professionalism အကြောင်းဖြစ်ပါတယ်။ Pro ဖြစ်တယ် ဆိုတာ တော်တော်များများ သိကြ ပြောကြ ပါတယ်။ တချို့က အလုပ်တစ်ခု ဆီကနေ ဝင်ငွေရတယ်ဆိုရင် အဲ့ဒါက Pro ဖြစ်တယ်။ ဥပမာ Photographer မှာဆို Amateur နဲ့ Professional ဆိုပြီး ပြောလေ့ရှိတယ်။ အသုံးပစ္စည်းကအစ ခွဲထားတယ်။ ဈေးလည်း တော်တော်လေးကွာတယ်။ ဈေးကြီးတာတွေကိုင်မယ် အဲ့ဒါနဲ့ ဝင်ငွေရအောင် ပြန်ရှာမယ်။ ဒါမျိုးကိုလည်း Professional Photographer ဆိုပြီး ခေါ်ဆိုကြတယ်။ တချို့ကလည်း အလုပ်တစ်ခု လုပ်နေခြင်းဟာ ဝင်ငွေရတဲ့အတွက် […]

24 September

4Ps အပိုင်း (၁) – Purpose

4Ps ဆိုရင် များသောအားဖြင့် Marketing mix 4Ps လို့ ထင်ကောင်းထင်နိုင်တယ်၊ တကယ်တော့ ကျွန်တော်ပြောချင်တာ Marketing 4Ps မဟုတ်ပါဘူး။ အလုပ်တစ်ခုမှာ အောင်မြင်ဖို့ အစဉ်ပြေဖို့ ရှိသင့် ရှိထိုက်တဲ့ အချက် ၄ ချက်ကို အတိုကောက် 4 Ps လို့ ခေါ်လိုက်တာပါ။ 4Ps ကဘာတွေပါလည်းဆိုတာကို အောက်က ပုံမှာ ကြည့်နိုင်ပါတယ်။ ပထမ P ကတော့ အရေးကြီးဆုံး နဲ့ အခြေခံအကျဆုံး ဖြစ်တဲ့ Purpose (ရည်ရွယ်ချက်) ဖြစ်ပါတယ်။ Purpose မှာ fake purpose နဲ့ real purpose ဆိုပြီး ပြောကြည့်မယ်။ […]

လုပ်တတ်ပြီးလား အလုပ်? အပိုင်း (၁)

အလုပ်ကရခဲ့တဲ့ သင်ခန်းစာ။ အခန်းတစ်၊ အလုပ်မှာ လုပ်စရာမရှိ မဖြစ်အောင်နေ။ များသောအားဖြင့် အလုပ်မများဘူးဆိုရင် အေးအေးဆေးဆေးဘဲ ဆိုပြီး ထင်တတ်ကြတယ်။ တကယ်တော့ လုပ်စရာ မရှိတာ မကောင်းပါဘူး။ ပိုပြီးတော့ အလုပ်များဖို့ အရှိန်ယူနေသလိုပါဘဲ။ တစ်ခုခု ကြီးကြီးမားမား လာရင် အစဉ်သင့်ဖြစ်အောင် လုပ်ထားပါ။ နောက်တစ်ခုက တခါတလေ၊ လုပ်စရာပြီးသွားလို့ ဘားမှလုပ်စရာမရှိဖြစ်နေတတ်ပါတယ်။ အဲ့ဒါကို မန်နေဂျာ၊ သူဌေးတို့မြင်ရင် အလုပ်မလုပ်ဘူးလို့ ထင်နိုင်တယ်။ အားနေတယ်ထင်ပြီး မဟုတ်တဲ့ အလုပ်တွေ ခိုင်းတတ်တယ်။ အဲ့တော့ ကိုယ်အလုပ်ကို တစ်နေ့တာ အတွက် ကြိုတင် ချိန်စပြီး လုပ်ပါ။ အချိန်ပို မဖြစ်အောင် ကြိုးစားပါ။ အလုပ်ကလည်းအပြီး အလုပ်ဆင်းချိန်လည်း အရောက် ဖြစ်နိုင်ရင် […]

လူကို လွန်၏ မလွန်၏….

ယခုခေတ် သိပ္ပံထွန်းကားပြီး ဘာသာတရားအပေါ်ယုံကြည်မှု အားနည်းလာကြတဲ့ လူငယ်အများစုတို့က ဗုဒ္ဓတရားတွေအပေါ် “ဒီတရားတွေဟာ လူကိုလွန်တဲ့တရားတွေ လူတွေ မသိနိုင်မလုပ်နိုင်တဲ့တရားတွေ” ဟု သုံးသပ်ကာ ဘာသာတရားအောက်က ရုန်းထွက်ကြတယ်… ဗုဒ္ဓဘာသာမှ မဟုတ် အခြားသော ဘာသာတွေမှာလဲ ဒီသဘောဟာ ဖြစ်နေတာကိုတွေ့ရပြန်တယ်… အလယ်ခေတ်ဦးပိုင်းတွေမှာ ပေါ်ပေါက်ခဲ့ကြတဲ့ ဘာသာတွေ အဆုံးအမတွေဖြစ်လို့ တချို့နေရာတွေမှာ ခေတ်မမှီသလို ဖြစ်နေတာတွေကတော့ ရှိနိုင်ပါတယ်.. လူ့သမိုင်းတွေ နိုင်ငံရေး လူမှုရေးတွေဟာလဲ အခုခေတ်နဲ့ယှဉ်ရင် လုံးဝ မတူလေတော့ ဘာသာတရားတွေဟာ ခေတ်မမှီသလိုဖြစ်နေပါတယ်… သို့သော် လူကိုလွန်သော တရားတွေ မဟုတ်ပါ… လူတွေလုပ်နိုင်သော အမှန်ကျင့်ကြံနိုင်သောတရားတွေသာ ဖြစ်ပါတယ်… တကယ့်လုပ်သူတွေ တကယ်ရခဲ့ကြသော ငြိမ်းချမ်းမှုကို ခေတ်အဆက်ဆက်မှာတွေ့နိုင်ပါတယ်… ဘာသာတရားမှာ မဆိုထားနှင့် သိပ္ပံတိုးတက်မှုတွေသည်ပင်လျင် […]

၆လအကြာ…

ဒီလကုန်ရင် ကျွန်တော် အလုပ်စလုပ်တာ ၆လပြည့်ပြီပေါ့။ ဘာတွေထူးခြားသွားလဲဆိုတော့ သိသိသာသာကြီး ဝလာတယ်။ အနည်းဆုံး 5kg လောက်တိုးသွားတယ်။ အလုပ်လုပ်ပြီဆိုရင် ထိုင်ရာကနေ ထတာဆိုလို့ အိမ်သာသွားတဲ့ အချိန်နဲ့ ထမင်းစားတဲ့ အချိန်ဘဲရှိတယ်။ ကျန်တဲ့အချိန်တော်တော်များများက ကွန်ပြူတာရှေ့မှာဘဲ ရှိနေတယ်။ အလုပ်ပြီးလို့ အိမ်ရောက်တော့လည်း ခဏလောက်ဘဲ ရေချိုး၊ ထမင်းစား ပြီးတာနဲ့ ကွန်ပြူတာရှေ့ ပြန်ရောက်နေတယ်။ ရုပ်ရှင်ကြည့်တယ်၊ ရေးစရာမပြီးသေးရင် ဆက်ပြီးရေးတယ်။ ဒီဇိုင်းကတော့ အလုပ်မှာဘဲ အပြီးလုပ်တယ်။ အလုပ်က ကွန်ပြူတာက ကြီးတော့ ပိုပြီး အစဉ်ပြေတယ်။ အလုပ်လုပ်တော့မှ Mac ကို စသုံးတာဆိုတော့ နည်းနည်းတော့ လက်ပေါက်ကတ်တယ်။ အခုတော့လည်း Mac သုံးရတာ ပိုကြိုက်လို့ နောက်တစ်ခါ […]

စာမရေးတာ ကြာပေါ့။

အလုပ်များတာ၊ မအားတာ၊ စိတ်မပါတာ၊ ပျင်းတာ၊ မလုပ်ဖြစ်တာ၊ မလုပ်တတ်တာ အားလုံးပေါင်းပြီး ဆိုဒ်ကို ဒေါင်းနေတာ ပြန်မလုပ်ဖြစ်ဘူး။ အရင်တုန်းက အလကား ရတဲ့ free shared hosting ပေါ်မှာ တင်ထားတာ ဟိုပြောင်းလိုက်၊ ဒီပြောင်းလိုက်နဲ့ အတည်တကျ ဖြစ်တယ်ဆိုတာကို မရှိဘူး။ vps ကောင်းကောင်း တစ်လုံး လိုချင်နေတာနဲ့ လိုက်ရှာတာ ဈေးကြီးတာနဲ့ မဝယ်ဖြစ်ဘူး။ နောက်တော့ ကြေငြာအားကောင်းတဲ့ DigitalOcean ကိုတွေ့ပြီး ကြည့်လိုက်တော့ စိတ်ကြိုက်ဖြစ်နေတယ်၊ ဈေးကလည်း တစ်လ ၅ကျပ်လောက်ဆိုတော့ တတ်နိုင်တာနဲ့ စမ်းသုံးကြည့်တာ တော်တော်လေးကြိုက်တာနဲ့ အရင်ကျောင်း ဆိုဒ်မှာတင်ထားတဲ့ scripts တွေ အားလုံးကို ဒီမှာ စမ်းကြည့်တော့ အိုကေတယ်။ […]

မူရင်း မြနန္ဒာ သီချင်း

ဘာလိုလိုနဲ့ ဒီနေ့ သင်္ကြန် အကျနေ့ တောင်ရောက်သွားပါပြီ။ မြနန္ဒာ သီချင်းကို မသိတဲ့သူမရှိ ပါဘူး။ မြန်မာသံစစ်စစ်နဲ့ ဆိုထားတဲ့ သင်္ကြန်သီချင်းပါ။ Facebook ကို Cho TuZal တင်ထားတာတွေ့လို ကျွန်တော် ပြန်ပြီး ရှယ်လိုက်ပါတယ်။ သမိုင်းကြောင်းပါ ဒီမှာ ဖတ်လို့ရပါတယ်။ Man Taung Yeit Kho မူရင်းသီချင်းက ဒီမှာပါ။

16 January

What if money was no object?

Ask yourself. What would you do with your life if money was no object? An amazing lecture from the late Alan Watts.

Now What???

အလုပ်ရှာရတာ ထင်သလောက် မလွယ်မှန်း ကိုယ်တို်င် ရှာကြည့်တော့မှ သိတယ်။ စင်္ကာပူမှာ ကျောင်းပြီးရင် အလုပ်လွယ်လွယ် ရတယ်ဆိုတာ ခေတ်ကုန်သွားပြီလို့ ဆိုရမယ်။ အစိုးရကျောင်းပြီးပြီး၊ အပြင်ကျောင်းပြီးပြီး ရှာရတာ ခက်တာဘဲ။ အရင်တုန်းကလို ကျောင်းပြီးတာနဲ့ အလုပ်ဆိုတာ မရှိတော့ပါဘူး။ PR ဆိုတာ လည်း ပေးတယ်လို့ မကြားမိတော့ဘူး။ ကျွန်တော်တို့လည်း မရပါဘူး။ Republic Polytechnic မှာကျောင်းပြီးခါနီး ငါဘာတွေသိခဲ့လည်း ကျောင်းက ငါ့ကို ဘာတွေသင်ပေးခဲလဲဆိုတာ ပြန်တွေးကြည့်မိရင် အလုပ်ရှာရမှာ ရင်လေးတယ်။ အတွေ့အကြုံရှိမှ အလုပ်ရှာရတာလွယ်တယ်။ PR ဖြစ်မှ လွယ်တယ်။ မျိုးစံုပြောကြတာပေါ့၊ တကယ်က ကိုယ့်မှာ အရည်အချင်းတကယ် ပြည့်စံုတယ်ဆို ရှာရတာ လွယ်ပါတယ်။ စင်္ကာပူနိုင်ငံသားတိုင်း […]

အလုပ်များခြင်းရဲ့ အစ.. −င်ယားခြင်းက

အခုရက်ပိုင်း တော်တော်လေး အလုပ်ရှုပ်တယ်လို့ ပြောရမယ်။ ကျောင်းပြီ:ခါနီးဆိုတော့ ပိုပြီး အလုပ်ရှုပ်တာပေါ့။ ပထမဆုံးကတော့ နောက်ဆုံးနှစ် ပရောဂျက် လုပ်နေရတယ်။ admin pages for map, location, text,photo and video uploading and auto converting on server, android app, web-services for android, API token, API security စတဲ့ အပိုင်းတွေကို လုပ်ရတာပါ။ အစကတော့ အေးဆေးပြီးမယ်ထင်ထားတာ အခု due date နားကပ်လာတော့မှ ဘားမှ ကောင်းကောင်း မပြီးသေးဘူးဆိုတာ သိပြီး လန့် လန့် လာတယ်။ […]

Mobile and Web Analytics ipv6 ready