Add Me!Close Menu Navigation
Add Me!Open Categories Menu

Currently Browsing

တွေးမိတွေးရာ

အတွေးတစ်ခု

မနေ့က အတွေး အခုထိ တွေးဆဲမို့… ဘာဖြစ်မယ်မသိ အတွေးလွန်တဲ့… အတိတ်လား.. အနာဂတ်လား.. မဟုတ်မမှန် တွေးမိနေသလား.. သိသိရက်နဲ့ တွေးမိလေသလား.. ပစ္ပုန်တည့်တည့် တွေးမိလိုက်တော့.. ဟုတ်တိုင်းမှန်စွာ တန်းမြင်ပြီပေါ့.. ဟောတော့…

Her Third Trimester and My Last Trimester

ဒီနေ့ဟာ သူ့ရဲ့ ၂၈ ပတ်မြောက် ကိုယ်ဝန်လွယ်ထားရတဲ့ နေ့ဖြစ်ပါတယ်။ ဆေးခန်းပြပြီး အပြန် စိတ်ပြေလက်ပျောက် သွားရင်းလာရင်း ဓာတ်ပုံရိုက်လာတာလေးတွေ ပြန်ကြည့်ရင်း သူဘာတွေများပြောင်းလဲသွားလဲပေါ့။ ကျွန်တော့အမြင်တော့ ဗိုက်ကတော့ သိသိသာသာ ပူတတ်လာသလို ဟိုနားက ဖုတတ်လာလိုက်၊ ဒီနားကဖုတတ်လာလိုက်နဲ့ အထဲကခလေးက လှုပ်နေတာကို သိသိသာသာ မြင်လာရတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်တာတွေတော့ အပြောင်းအလဲ မရှိသလိုဘဲ။ နေ့တိုင်းမြင်တွေ့နေရလို့ မသိတာတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာတွေတော့ သိသိသာသာ ပြောင်းလဲလာတယ်။ အရာရာကို အကောင်းမြင်လာသလို မကောင်းတာဆို မတွေး၊ မပြော၊ မလုပ် ဘူး။ တစ်ယောက်နှင့်တစ်ယောက် အမြဲ သတိပေးနေရတာလဲ ပါတာပေါ့။ ဘာရယ်မဟုတ် ၂ ယောက်လုံး စိတ်ကိုလျှော့ထားနိုင်ခဲ့တယ်။ သူ့အလိုလို […]

New Roadmap (2018)

ဒီနှစ်တော့ အလုပ်မှာ ပေါ်တင်ဘဲ ငါ website အပိုင်း အများကြီး မလုပ်ချင်တော့ဘူး။ System Analyst လုပ်ရင်းနဲ့ Machine Learning, Ai နဲ့ Data Analyst အပိုင်းတွေ ဘက်ကို သွားမယ်လို့ ပြောလိုက်တယ်။ အလုပ်မှာက အဲ့အပိုင်းတွေကို လုပ်နေတာက တခြား team တွေဖြစ်နေတယ်။ Internal Transfer လုပ်ချင်နေတယ်လို့များ ထင်သွားမလား မသိဘူး။ မတတ်နိုင်ဘူးလေ။ ပြောင်းခိုင်းတော့လဲ ကောင်းတာဘဲ။ လောလောဆယ်တော့ Chat Bot အရင်စထွက်ဖို့ရှိတယ်။ Idea စဖြစ်လာတာက မနှစ်က SIA Innovation Challenge မှာ ကျွန်တော်ရယ် တခြား Marketing က […]

18 February

ကျေးဇူးပြု၍

” ကျေးဇူးပြု၍ ” “နင်” ကို “နင်” လို့ ပီပီပြင်ပြင်ရေးပါ။ “နိ” လို့ မရေးပါနှင့်။ “ငါ” ကို “ငါ” လို့ ပီပီပြင်ပြင်ရေးပါ။ “နာ” လို့ မရေးပါနှင့်။ “အသဲ” ကို “အသဲ” လို့ ပီပီပြင်ပြင်ရေးပါ။ “အတျဲ” လို့ မရေးပါနှင့်။ “ဟုတ်တယ်” ကို “ဟုတ်တယ်” လို့ ပီပီပြင်ပြင်ရေးပါ။ “ဟုတယ်” လို့ မရေးပါနှင့်။ “ဟုတ်လား” ကို “ဟုတ်လား” လို့ ပီပီပြင်ပြင်ရေးပါ။ “ဟုလား” လို့ မရေးပါနှင့်။ “ဟုတ်ပါတယ်” ကို “ဟုတ်ပါတယ်” လို့ ပီပီပြင်ပြင်ရေးပါ။ “ဟုဘာသယ်” လို့ […]

Mary’s Songs

ဝဲ ကို တစ်လလောက်ရှိပြီ… နားထောင်ကောင်းနေတုန်းဘဲ.

အလွန်များပြားလာတဲ့ Online Content များ

အွန်လိုင်း သတင်းဆိုဒ်တွေ များလာသလို Media လိုလို Content Marketing လိုလို ဆိုဒ်တွေ ပိုများလာတယ်။ အွန်လိုင်းမှာ မြန်မာ Content တွေများလာတာတော့ ကောင်းမွန်တဲ့ အချက်လို့ဆိုနိုင်ပေမယ့် တင်ထားတဲ့ စာတွေကို တကယ့် အမှန်တွေလား၊ တကယ့် အသုံးဝင်တဲ့ စာတွေလား၊ ကိုယ်ပိုင် စာတွေလား ဆိုတာကတော့ စဉ်းစားစရာဖြစ်လို့နေပါတယ်။ အများအားဖြင်တော့ Content Marketing ကို traffic များများရဖို့၊ conversion rate ကောင်းမွန်ဖို့၊ ကိုယ့်နာမည် လူသိများလာဖို့၊ social media မှာ လူကြိုက်များဖို့ စသည်ဖြစ် အသုံးပြုကြပါတယ်။ အများအထင်ကတော့ content တွေများများတင်နိုင်ရင် ကောင်းတယ်၊ လူများများ share […]

စာမရေးတာ တော်တော်ကြာသွားပြီးဗျ

အလုပ်များနေတာနဲ့ ကျောင်းဆက်တတ်နေတော့ စာြပန်မရေးချင်တော့ဘူး.. ဘလော့တွေက အရင်ကလို ဖတ်တဲ့လူ မရှိတော့ဘူး၊ အားလုံးက facebook မှာဘဲ ရှာပြီး ဖတ်နေကြတော့ ကျွန်တော်တို့လို ဘလော့ရေးတဲ့သူတွေ ရှားလာတော့တာပေါဗျာ အရင်တုန်းကဆို Forum တွေ Blog တွေ အများကြီးဘဲ၊ ရေးကြ၊ ဖတ်ကြ၊ ဆွေးနွေးကြနဲ့ ပျော်စရာကြီးဗျာ။ အဲ့ဒါတွေမှာ ပျော်ပြီး ကျွန်တော် အိုင်တီလောကကို ရောက်လာတာဗျ။ အခုတော့ အရင်လို မဟုတ်တော့ဘူး။ စာရေးတဲ့သူ ရှားသွားပြီ။ ခောတ်ဆိုတာ ဒီလိုဘဲ အမြဲပြောင်းလဲနေမယ်ဆိုတာ လက်ခံထားပါတယ်၊ ဒါပေမဲ့ဗျာ… အခုခောတ် လူငယ်တွေအတွက် ရင်လေးတယ်၊ မသိမတတ်တာကို ပြောတာမဟုတ်ဘူး.. အခုက နည်းနည်းလေးသိတာကို သူအကုန်သိနေပြီလို့ထင်နေတဲ့ စိတ်ပေါ့ဗျာ။ ဘယ်လိုမှ […]

Myanmar Font is build-in for iOS10

iOS 10 ကို မကြာခင်မှာ Apple က အများပြည်သူများ အားလုံးသုံးလို့ရအောင် ထုတ်ပေးတော့မှာဖြစ်ပါတယ်။ လောလောဆယ်တော့ Developer များအတွက် Beta ထုတ်ပေးထားပါတယ်။ Features တွေအများကြီး ထည့်ပေးထားပါတယ်၊ ကျွန်တော် အဓိက ပြောချင်တာကတော့ မြန်မာစာ ပါလာတာပါဘဲ။ ဘားမှမသွင်းထားဘဲ မြန်မာစာကို မြင်နိုင်ပါတယ်၊ မြန်မာလို Apps တွေမှာ ကောင်းကောင်းသုံးလို့ရပါတယ်။ Myanmar Sangam MN ဖောင့်ကို ထည့်ပေးထားတာပါ။ မြန်မာယူနီကုဒ် တွေကို အားလုံးမြင်နိုင်ပါတယ်။ အနည်းငယ် အမှားလေးတွေရှိပါတယ်။ အဲ့ဒါကလည်း ဖောင့်ထွင်တဲ့သူကို feedback ပေးပြီးထားပြီဖြစ်ပါတယ်။ နောက်ဆုံး version မှာတော့ အမှန်ပါလာနိုင်ပါတယ်။ သူတို့က မြန်မာဖောင့်တွေကို ထည့်ထားပေးတာ […]

ဟိုရေးဒီရေး ၂၀၁၅

အလုပ်လုပ်တာ ၂နှစ်ကျော် ၃နှစ်လောက် ရှိလာတော့ မသိမသာ နဲ့ မကောင်းတဲ့ အကျင့်တစ်ခု ရလာတယ်?။ အလုပ်ကို သေသေချာချာ သေသေသပ်သပ် မလုပ်တော့်ဘူး။ ဖြစ်သလိုနဲ့ ပြီးရင် ပြီးရော လုပ်တတ်လာတယ်။ အမှားများလာသလို လိုရင်လိုသလို ဖောပြီး ရွှီးတတ်လာတယ်။ ကိုယ်က ကျွမ်းကျင်တဲ့ အပိုင်းဆို ပိုပြီးတော့ ဖောတတ်လာတယ်။ အချိန်မလေးစားတော့သလို အလုပ်ကို ချက်ချင်းမလုပ်တော့ဘူး။ အချိန်ဆွဲပြီး လုပ်တတ်လာတယ်။ အရင်တုန်းကဆို အလုပ်တစ်ခု ရလာပြီဆို ချက်ချင်း လုပ်တယ်၊ မပြီးမချင်း မပြန်ဘဲလုပ်တယ်။ အခုနောက်ပိုင်းတော့ အချိန်ဘယ်လောက်ကြာမယ်၊ ဘယ်တော့မှ လာယူ၊ ပြီးရင်ပို့လိုက်မယ်၊ စသည်ဖြင့် အချိန်ဆွဲတတ်လာတယ်။ ကောင်းတာလား ဆိုးတာလားတော့ မသိ၊ ကိုယ်ပြောင်းလဲလာတာတော့ သိတယ်။ […]

ကျောင်းပြန်တတ်ရတော့မယ်

စာမရေး စာမဖတ်တာ တစ်နှစ်လောက်ရှိပြီ။ အလုပ်နဲ့ဆိုင်တဲ့ သတင်းတွေ လောက်ဘဲ လိုက်လေ့လာဖြစ်တယ်။ အလုပ်မှာတော့ အပြောင်းအလဲ တော်တော်များသလို ကျွန်တော့ တာဝန်ယူရတဲ့ အပိုင်းတွေပိုများလာတယ်။ လုပ်ဖော်ကိုင်ဘက် အသစ်တွေများလာတော့ သူတိုနဲ့ အစဉ်ပြေအောင် သည်းခံပြီးနေရတာပေါ့။ အလုပ်ထွက်တဲ့သူတွေများလာတော့ ကျွန်တော်က အလိုလို စီနီယာကြီးဖြစ်သွားရော၊ ပြီးတော့ ထွက်မယ်လုပ်တဲ့ကျွန်တော့ကို သူဌေးက နည်းမျိုးစုံနဲ့ Psycho ထည့်တာပေါ့။ နောက်ဆုံးတော့ မပြောင်းတော့ပါဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်။ နောက်ပြီးတော့ ကျောင်းဆက်တတ်ချင်တာ တစ်ခုကြောင့်လဲ ပါတာပေါ့။ ဒီနှစ် ကျောင်းဆက်တတ်ဖြစ်တယ်။ မြန်မြန်နဲ့ ပြီးတဲ့ကျောင်း တွေရှာကြည့်တော့ government uni ထက် private uni ကို တတ်ဖို့ရွေးဖြစ်သွားတယ်။ လောလောဆယ်တော့ PSB က […]

Mobile and Web Analytics ipv6 ready