• Home
  • Pic & Me
  • Han’s Photography
  • About Me
  • Portfolio
  • Contact Me

IT-KOKO

IT is not just about 101001011

You are here: Home / 2012 / May / 18 / Best Photographic Composition Techniques Part #3

Best Photographic Composition Techniques Part #3

Published by IT-KOKO on May 18, 2012 | Leave a response

အပိုင်း ၁ Rule of Thirds နှင့် အပိုင်း ၂ Active Space ကို ရေးပြီးပါပြီ။

Framing Your Shots

ကျွန်တော်လည်း Project ကိစ္စရှုပ်နေတာနဲ့ ဓါတ်ပုံတောင် ကောင်းကောင်း မရိုက်ဖြစ်သလို ရေးလည်း မရေးနိုင်ဘူး။ ဒီနေ့တော့ ရေးလက်စနဲ့ ပြီးအောင် ဆက်ရေးလိုက်တယ်။ ဒီ အပိုင်း ၃ မှာတော့ ကျွန်တော် Framing အကြောင်းကို သိသလောက် ရေးချင်ပါတယ်။

Framing လုပ်တယ်ဆိုတာက ကိုယ်ပြချင်တဲ့ အရာတစ်ခုကို ကြည့်တဲ့သူတွေ မြင်သာအောင် ဓါတ်ပုံထဲမှာ ပေါလွင်အောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကိုယ်မပြချင်တဲ့ အရာတွေကို ဖုံးထားပြီး၊ ပြချင်တဲ့ အရာတွေကို သိသာ ထင်သာအောင် ပြုလုပ်ခြင်းပါ။ ဥပမာပြောရရင်တော့ ဘောင်ခတ်ခြင်း (Border) နဲ့ Focus ချိန်ခြင်းဖြစ်ပတယ်။ Border လုပ်လိုက်ခြင်းဖြင့် ကိုယ်ပြချင်တဲ့ အရာဝတ္ထုက ပိုပြီး ထင်ရှားလာပါတယ်။ Focus လုပ်လိုက်ခြင်းကလဲ မလိုတာတွေကို ဝါးအောင် လုပ်လိုက်ခြင်းဖြစ်တဲ့ အတွက် Framing လုပ်တယ်လို့ ဆိုလို့ရပါတယ်။

Framing လုပ်လိုက်တဲ့အတွက် သင့်ဓါတ်ပုံဟာ ပိုပြီး ထင်ရှားလာနိုင်ပါတယ်။ အဓိပ္ပါယ် ပိုပြီး ပေါ်လွင်စေပါတယ်။

Framing လုပ်လိုက်တဲ့အတွက် ကြည့်တဲ့သူရဲ့ မျက်လုံးဟာ သင်ပြချင်တဲ့ နေရာကို တန်းပြီး ကြည့်မိစေပါတယ်။ ပိုပြီး အာရုံစူးစိုက် မိစေပါတယ်။

Framing လုပ်လိုက်တဲ့အတွက် ကြည့်သူရဲ့ ရှုထောင့်(perspective) ကို တစ်မျိုးတစ်ပုံ ဖန်တီးပေးနိုင်ပါတယ်။

Framing လုပ်ပြီး ရိုက်လို့ကောင်းတဲ့ အရာတွေကတော့ မုခ်ဦးခုံးတွေ၊ တခါးဘောင်၊ ပြတင်းပေါက်၊ ဥမင်လိုဏ်ခေါင်း၊ သစ်ကိုင်းတွေ စတဲ့ အရတွေဖြစ်ပါတယ်။ အဓိပ္ပါယ် ရှိအောင်တော့ လုပ်သင့်ပါတယ်။ မိမိပေးချင်တဲ့ အရာကို အဓိပ္ပါယ်ရှိရှိနဲ့ ဖော်ပြသင့်ပါတယ်။ နောက်တစ်ခု သတိထားရမှာက depth of field ပါ။ Framing လုပ်လိုက်တဲ့ အခါ အရှေ့ဘက်က အရာဝတ္ထုကို ဦးစားပေးမလား၊ အနောက် က ဝတ္ထုကို ဦးစားပေးမလားဆိုတာ စဉ်းစားရမှာပေါ့။ Focus ကို မိမိဦးစားပေးတဲ့ ဝတ္ထုကို ရောက်နေဖို့ကိုတော့ သတိထားရမယ်။ များသောအားဖြင့်တော့ foreground (အနီးမြင်ကွင်း) ကို အမှောင် ထားတာများပါတယ်။ အဲ့ဒါမှ ဝေးမှာရှိတဲ့ အရာကို ပိုပြီး မြင်စေမှာပါ။ Framing လုပ်တယ်ဆိုတာ ထောင့်အားလုံးကို အမှောင်ချပြီး ဘောက်ခတ်ထားတာမျိုး မဟုတ်ပါဘူး။ တစ်ခု နှစ်ခုလောက် ကိုဘဲ Frame လုပ်ပြီး ရိုက်လို့လည်း ရပါတယ်။ အောက်က ပုံလေးတွေကို ကြည့်ပြီး ဘယ်လိုမျိုး Framing လုပ်လဲဆိုတာ လေ့လာကြည့်ရအောင်…

Out my window - Cephallonia, Greece vacation

Framing clouds by Manuel Orero (orerofotografia) on 500px.com
Framing clouds by Manuel Orero
Framing My Land by Giovanni Longo (GiovanniLongo) on 500px.com
Framing My Land by Giovanni Longo
Path by Nuno Almeida (disasterpiece) on 500px.com
Path by Nuno Almeida
Amsterdam by 50mm /1 by Nicola Zaghini (nicolaza) on 500px.com
Amsterdam by 50mm /1 by Nicola Zaghini
Natural framing by Nate Cooper (NateCooper) on 500px.com
Natural framing by Nate Cooper

Facebook Comment ပေးလို့ရပါတယ်။

comments

Posted in Photography | Tagged Framing Photography
← Previous Next →

Copyright © 2013 IT-KOKO.

Powered by WordPress and Adroa.

  • Home
  • Pic & Me
  • Han’s Photography
  • About Me
  • Portfolio
  • Contact Me