• Home
  • Pic & Me
  • Han’s Photography
  • About Me
  • Portfolio
  • Contact Me

IT-KOKO

IT is not just about 101001011

You are here: Home / 2012 / March / 15 / Pic & Me

Pic & Me

Published by IT-KOKO on March 15, 2012 | Leave a response

ကျွန်တော် Photography Site ကို ဒီရက်ပိုင်း အတွင်းအပြီးလုပ်ချင်တာနဲ့ ဆက်တိုက်လုပ်လိုက်တာ အခုဆိုရင် ၈၀% လောက်ပြီးသွားပါပြီ။ ကိုယ်တိုင် Theme ကိုမရေးနိုင်တာကတစ်ကြောင်း၊ အချိန်အပေးနိုင်တာကြောင့်တစ်ကြောင်း ကျွန်တော် Modify လုပ်ပြီးတင်ဘဲ လုပ်ထားပါတယ်။ Responsive ကိုကြိုက်တာကြောင့်လဲပါတယ် ပြီးတော့ scroll ကိုသုံးချင်တာကြောင့် ကျွန်တော် Zig Zag ကို သုံးလိုက်ပါတယ်။ Portfolio လုပ်ချင်တာနဲ့ အတော်ဖြစ်သွားတယ်။ တော်တော်လေးမိုက်တယ်ဗျ။ ဘားမှ ထွေထွေထူးထူး လုပ်စရာမလိုဘူး။ ကျွန်တော် Pic & Me မှာ မြန်မာလို မရေးဘူးဆိုတော့ ယူနီကုဒ် တွေဘာတွေ ဘားမှ စိတ်ပူစရာမလိုဘူးပေါ့။ ကျွန်တော် Google Web Font ကိုတော့ သုံးထားတယ်။ ကိုယ်ကြိုက်သလို ပြပြင်ပြီးတော့ Contents တွေစပြီး သွင်းပါတယ်။ Post တွေတင်ထားတယ် 17th April မှ Publish လုပ်မယ်ဆိုပြီး လုပ်ထားတယ်။ ဘာရယ်မဟုတ်ပါဘူး နှစ်ဆန်းတစ်ရက်နေ့ အမှတ်တရလေးဖြစ်သွားအောင်လို့ပါ။

နောက်တစ်ခုကတော့ Logo ကို ဘယ်လိုစပြီးလုပ်ရမလဲ မသိတော့ သိသူတွေအားကိုးနဲ့ အခုလိုလေးဖြစ်သွားတယ်။ ကူညီလုပ်ပေးတဲ့ အကိုပြည့်ဖြိုးဦး ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်လုပ်ချင်သလို ဖြစ်သွားတော့ စိတ်ချမ်းသာတယ်လေ။ လောလောဆယ်ဝင်ကြည့်လို့ရပါတယ်။ ကျွန်တော် ဝင်လို့ရအောင်လုပ်ထားပါတယ်။ www.picandme.me ဆိုရင် ရပါတယ်။ ကျွန်တော် အနီရောင်လေးကို ကြိုက်လို့ သုံးထားတယ်။ နောက်ခံကတော့ လေးထောင့်တုံး သေးသေးလေးတွေနဲ့ ခဲပုတ်ရောင် သုံးထားပါတယ်။ RSS လည်းလုပ်ထားပါတယ်။ Google+ နှင့် Facebook ကိုလည်း Page လုပ်ထားပါတယ်။ အားလုံးလာပြီး အားပေးကြပါလို့ ပြောချင်ပါတယ်။

Site အသစ်အတွက် လိုတာရှိရင် ပြောခဲ့လို့ရပါတယ်။ ကျွန်တော့ဆိုဒ် အပြည့်အစုံကိုတော့ နှစ်ဆန်းတစ်ရက်နေ့ မှဘဲ တွေ့မြင်ရမှာဖြစ်ပါတယ်။

Facebook Comment ပေးလို့ရပါတယ်။

comments

Posted in Photography | Tagged Pic & Me
← Previous Next →

Copyright © 2013 IT-KOKO.

Powered by WordPress and Adroa.

  • Home
  • Pic & Me
  • Han’s Photography
  • About Me
  • Portfolio
  • Contact Me