Year: 2012

X-Mas 2012 (Nothing Special For Me)

[pullquote]ကျွန်တော်လိုချင်တာတွေကတော့….. မပြောချင်တော့ပါဘူးဗျာ။ ခရစ္စမတ်မှာ အားလုံး ပျော်ရွှင်နိုင်ပါစေ။[/pullquote] ခရစ္စမတ် – မြန်မာ့စွယ်စုံကျမ်း Credit : DSLR Cinematography

Facebook Photo Syncing

Facebook ကနေ အသစ်တစ်ခုဖြစ်တဲ့ Photo Syncing Feature တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ Android and iOS နှစ်မျိုးလုံးအတွက် သုံးလို့ရပါတယ်။ ကိုယ်ရိုက်ထားတဲ့ ဖုန်းထဲက ပုံတွေကို အလိုလို ဖေ့ဘွတ်ထဲ ရောက်အောင် လုပ်ပေးထားတာဖြစ်ပါတယ်၊ အရင်ဆုံး ကိုယ့်ရဲ့ private ဖြစ်ပြီးတော့ ကိုယ် share လိုက်မှာ အများကြည့်လို့ရမှာဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် အဲ့ feature က Google+ မှာပါပြီးသားပါ။ သုံးလို့ အဆင်ပြေသလို အသုံးလည်းဝင်ပါတယ်။ အခုတော့ Facebook မှာပါ ရပြီဆိုတော့ Photo တွေတင်လို့ ကောင်းကျတော့မှာဖြစ်ပါတယ်။ သတိထားရမှာကတော့ setting မှာ ပုံတွေကို Snyc over wifi and cellular or wifi …

PHP ရဲ့ ချစ်ပုံပြင်

PHP ရဲ့ ချစ်ပုံပြင် ================= ဟိုရှေးရှေးတုန်းက Web Development ဆိုတဲ့ တိုင်းပြည်ကြီးမှာ server side script ဆိုတဲ့ ဘုရင်ကြီး အုပ်စိုးပါတယ်။ အဲဒီဘုရင်ကြီးမှာ asp, perl, jsp စတဲ့ သားတော်တွေအများကြီးရှိပါတယ်။ တစ်ရက်မှာ နောက်ထပ်သားတော်လေး တစ်ပါဖွားမြင်လာပါတယ်။ အဲဒီသားတော်လေး နာမည်က တော့ PHP လို့ခေါ်ပါတယ်။ အဲဒီ web development တိုင်းပြည်ကြီးမှာနေထိုင်တဲ့ ပြည်သူတွေထဲမှာ data အချမ်းသာဆုံး သူဠေးကြီးတစ်ယောက် ရှိပါတယ်။ အဲဒီသူဠေးရဲ့ နာမည် က တော့ ဦး RDBMS လို့ အမည်တွင်ပါတယ်။ အဲဒီသူဠေးကြီးဟာ ပိုက်ဆံချမ်းသာတာနဲ့ အမျှ မိန်းမတွေလဲ အများကြီးယူထားပါတယ်။ အဲဒီလိုအများကြီး ယူထားတာနဲ့ အမျှ သားသမီးတွေလဲ …

Facebook Messenger for Firefox

နောက်ဆုံးထွက်တဲ့ Firefox ကို Facebook Messenger သွင်းလို့ရပါတယ်။ Mozilla Firefox နဲ့ Internet သုံးနေရင်းနဲ့ Facebook Messenger, Notifications တွေ သုံးလို့ရပါတယ်။ Facebook အသုံးပြူသူတွေအတွက် သတင်းကောင်းတစ်ခုပါဘဲ။ သုံးချင်တယ်ဆိုရင်တော့ အရင်ဆုံး ဒီလင့် မှာ နောက်ဆုံး Firefox သွင်းထားဖို့ လိုပါတယ်။ ပြီးရင်တော့ ဒီလင့် မှာ နှိပ်ပြီး သွင်းလိုက်ရင် အောက်ကလို ဖြစ်သွားပါမယ်။ လိုအပ်ရင် Login ဝင်ရပါမယ်။ စမ်းသုံးကြည့်ပါ။ သုံးလို့ကောင်းပါတယ်။ ကျွန်တော်ကတော့ တော်တော်လေး ကြိုက်နေပြီ။ More info : Facebook Messenger for Firefox

United States President Barack Obama Speech at University of Yangon

အိုဘားမား မြန်မာနိုင်ငံကို လာရောက် လည်ပတ်ပြီး မိန့်ခွန်းပြောသွားတယ်ဆိုတာ ကျွန်တော်တို့အဖို့ ကြုံခဲတဲ့ အဖြစ်အပျက်တစ်ခုပါ။ အဲ့ဒါလေးကို အမှတ်တရအနေနဲ့ ဒီပိုစ့်လေးတင် လိုက်တာပါ။ မိန့်ခွန်းပြောသွားတာ။ ရွှေတိဂုံဘုရားဖူးသွားတာ ။ဒေါ်စုနဲ့ တွေ့သွားတာ။ သမတကြီးနဲ့ တွေ့သွားတာ အားလုံး ခြုံပြီးကြည့်ရမယ်ဆိုရင် အိုဘားမှား ဟာဘာလို့ အမေရိကန်သမတရာထူးကို နောက်တစ်ကြိမ်ထက်ရခဲ့တာလဲဆို တာ ပြောစရာမလိုတော့ပါဘူး။ မြန်မာနိုင်ငံသားအားလုံး အနေနဲ့ လွတ်လပ်မှု၊ လူ့အခွင့်အရေး၊ တိုးတတ်မှု စတဲ့ ပြောင်းလဲမှုတွေကို မျက်မြင် တွေ့ရှိလာနိုင်ဖို့ ဖြစ်လာပါပြီ။ အားလုံးမျှော်လင့်နေတဲ့ နေ့ ရောက်ဖို့ ပြိုင်တူ တွန်းလိုက်ကြရအောင်။ ပြိုင်တူတွန်းလျှင် မြန်မြန်ရွေ့နိုင်ပါတယ်။ Speech at Daung Aung San Suu Kyi’s House Speech at University Of …

New Gmail Compose

Google ကနေ ပုံမှန် ပို့နေကျ Email ပုံစံနဲ့ မတူ ကွာခြားတဲ့ ပုံစံတစ်မျိုးနဲ့ Email ပို့တဲ့ ပုံစံကို စမ်းသပ်ပြောင်းလဲလိုက်ပါတယ်။ အခု ပုံစံအသစ်မှာတော့ Compose ကို နှိပ်လိုက်ရင် Chat Popout လိုမျိုး box တစ်ခုပေါ်လာပြီး လိုသလို Email ပို့လို့ရပါတယ်။ အဓိက feature တွေကတော့.. − Fast – Inbox ကနေ စာပို့လို့ရပါတယ်။ – Simple − ရှင်းရှင်းလင်းလင်းနဲ့ ကြည့်ရတာ ပိုကောင်းသွားတယ်။ – Powerful − Emails တွေကို စာရိုက်နေရင်းနဲ့ ကြည့်လို့ရတော့ draft လုပ်ရတာ သက်သာသွားတယ်။ Email နှစ်ခုကို တစ်ခါတည်း ရိုက်လို့ရတယ်။ …

Add Dropbox files to Facebook Group

Facebook မှာ file ရှယ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသားပါ။ အခုနောက်ထက် ပိုကောင်းလာတာတစ်ခုက Dropbox က file တွေကိုပါ facebook group မှာရှယ်လို့ရတဲ့ နည်းပညာတစ်ခုကို Dropbox က ဒီနေ့ စတင်လိုက်ပါတယ်။ Click လိုက်မယ်ဆိုရင် Dropbox Username and password တောင်းပါမယ်။ ပြီးရင်တော့ Allow လုပ်ဖို့လိုမယ်။ အားလုံးပြီးသွားရင်တော့ သင့်ရဲ့ Dropbox file တွေကို တွေ့ရမှာဖြစ်ပါတယ်။ ကိုယ်ရှယ်ချင်တဲ့ ဖိုင်ကို select ပြီး ရှယ်လို့ရပါတယ်။ အဲ့လောက်ဆို ဘယ်လို ရှယ်လို့ရတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ လွယ်လွယ်လေးပါဘဲ။ Dropbox ကောင့်မရှိသေးဘူးဆိုရင် ဒီလင့် ကနေသွားပြီး အကောင့်လုပ်လို့ရပါတယ်။ Ref : https://www.dropbox.com/help/383/en

Windows 8 Launch Singapore (25.Oct.2012)

ဒီနေ့ ၁၅ရက်နေ့ စင်္ကာပူမှာ Windows 8 Launch ပွဲရှိတယ်ဆိုလို့ Register ပေးပြီ: ညနေခင်း အိမ်ကနေ ထွက်ပြီး City hall ကနေ Esplanade ဘက်ကို မြန်မြန်လေး လမ်းလျှောက်လာခဲ့တယ်။ Esplanade ထဲရောက်တော့ Windows 8 Launch ဆိုပြီး အပေါ်ကို ညွန်ပြထားတဲ့ ဆိုင်းဘုတ်လေးတွေ့တော့ လာတာမှန်ပြီဆိုပြီး မြန်မြန်လေးတတ်သွားတော့ ပေါ်မှာ လူတော်တော်များများ ရောက်လို့နေပြီ။ တန်းစီနေတဲ့ လူက ၁၀၀ကျော်လောက်ရှိနေပြီထင်တယ်။ ကျွန်တော်လည်း ဝင်ပြီးတန်းစီလိုက်တော့ တန်းစီတဲ့နေရာ မှားနေတယ်ဆိုပြီး Windows 8 logo Shirt ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က ချိုချိုသာသာလေး လာပြောပြီးတော့ ကျွန်တော်ကို ခေါ်သွားတယ်။ သူတို့က ကျွန်တော်ကို ဂိမ်းကစားပြီး လက်ဆောင်ပေးနေ့တဲ့ ဘက်ကို …

ဖုန်းဘယ်မှာ ဝယ်ရင်ကောင်းမလဲ? (စင်္ကာပူ)

ကျွန်တော်ဖုန်းပျက်သွားတုန်းက ဖုန်းအလွတ်(no contract) လိုက်ဝယ်မယ်ဆိုပြီး လိုက်ရှာတာ နောက်ဆုံး ကောင်းဆုံးနဲ့ ဈေးမနည်းဆုံး ဆိုင် ၂ ဆိုင်တွေ့တယ်။ အွန်လိုင်းပေါ်မှာ ကြိုက်တဲ့ ဖုန်းကို ကြည့်ပြီး ဆိုင်မှာ သွားဝယ်လိုက်ပေါ့။ ကျွန်တော်ကတော့ အဲ့လိုဘဲလုပ်တယ်။ ဆိုင်မှာသွားကြည့်ပြီးမှာ ဝယ်မယ်ဆိုရင် သူတို့က သေသေချာချာ ရှင်းပြမှာမဟုတ်ဘူး။ ပထမဆုံးဆိုင်ကတော့… http://www.whymobile.com/home.php နောက်တစ်ခုကတော့… http://www.mobilesquare.com.sg နှစ်ဆိုင်လုံးက ဈေးတူတူပါဘဲ ဆိုင်နေရာလည်း အရမ်းမကွာဘူး။ တခြားဆိုင်တွေနဲ့ ရှင်လိုက်ရင် ၅၀လောက် ဈေးကွာတယ်။ အဲ့ဒါကြောင့် ဖုန်းဝယ်ချင်တယ်ဆိုရင် အပေါ်က ဆိုင်နှစ်ဆိုင်ကို အရင်ဆုံးဈေး ကြည့်ပြီးမှ တခြားဆိုင်တွေမှာ ဝယ်ပါ။ သေချာတာကတော့ ဈေးကွာနေတာ တွေ့ရပါလိမ့်မယ်။ ကျွန်တော့အတွေ့အကြုံလေးနဲ့ သိတာလေးတွေ ရေးထားတာပါ။ တခြားကောင်းတဲ့ဆိုင်တွေ ရှိတယ်ဆိုလည်း ကွန်မန့်မှာ ရေးခဲ့လို့ရပါတယ်။ အိုင်တီကိုကို