အလုပ်များခြင်းရဲ့ အစ.. −င်ယားခြင်းက

Busyအခုရက်ပိုင်း တော်တော်လေး အလုပ်ရှုပ်တယ်လို့ ပြောရမယ်။ ကျောင်းပြီ:ခါနီးဆိုတော့ ပိုပြီး အလုပ်ရှုပ်တာပေါ့။ ပထမဆုံးကတော့ နောက်ဆုံးနှစ် ပရောဂျက် လုပ်နေရတယ်။ admin pages for map, location, text,photo and video uploading and auto converting on server, android app, web-services for android, API token, API security စတဲ့ အပိုင်းတွေကို လုပ်ရတာပါ။ အစကတော့ အေးဆေးပြီးမယ်ထင်ထားတာ အခု due date နားကပ်လာတော့မှ ဘားမှ ကောင်းကောင်း မပြီးသေးဘူးဆိုတာ သိပြီး လန့် လန့် လာတယ်။ နောက်တစ်ခုကတော့ အပြင်ကနေ ပရောဂျက် တစ်ခုရတာနဲ့ယူပြီးလုပ်လိုက်တယ်။ eCommerce ဆိုဒ်တစ်ခုရယ်၊ MLM System တစ်ခုရယ်၊ web-server ဝယ်ဖို့၊ online payment လုပ်ဖို့ စတာတွေ အကုန်လုပ်ပေးရမယ်။ eCommerce ဆိုဒ်ကတော့ ပြီးသလောက်ရှိသွားပြီ။ အခုလုပ်နေတာက MLM System ကို PHP နဲ့လုပ်ပေးနေတယ်။ ကံကောင်းတာတစ်ခုက သူတို့က ဘားမှမပြောဘူး။ ကိုယ်ကြိုက်တဲ့ technology သုံးလို့ရတယ်။ အဲ့ဒါနဲ့ ကိုယ် သိတဲ့ PHP နဲ့ လုပ်ပေးဖို့ ပြောခဲ့တယ်။ web hosting ကတော့ ရိုးရိုးဘဲဆိုတော့ shared hosting ဘဲဝယ်ဖို့ လုပ်ခဲ့တယ်။

ခက်တာတစ်ခုက business case တွေကို use-case တွေ ပြန်လုပ်ရတာ တော်တော်လေး ရှုပ်သွားတယ်။ သူတို့က ဖြစ်ချင်တာကိုဘဲ ပြောတတ်တယ်။ business logic တွေ ဘဲပြောပြီး အဲ့ဒါကို ရအောင်လုပ်ပေးလို့ ခိုင်းရော။ ကံကောင်းလို့ သင်ထားတာက Business Info Systems ဖြစ်နေလို့ပေါ့။ သိသလောက် မှတ်သလောက် Business အပိုင်းလေးတွေ ပြန်တွေးပြီး သူဖြစ်ချင်တာ ဘာလဲဆိုတာ သလောပေါက်တယ်။ အလုပ်ရှင်က သဘောကောင်းတော့ လုပ်ရတာ အစဉ်ပြေ ပါတယ်။ အခု ပရောဂျက်က နည်းနည်းများတော့ အချိန်အများကြီးလိုတယ်လို့၊ ငါကျောင်းမပြီးသေးတော့ အလုပ်အတွက် အချိန်အများကြီးမပေးနိုင်ဘူးလို့ပြောတော့ သူတို့က မင်းကျောင်းပြီးရင်ပြော သူတို့နဲ့ အလုပ်တူတူတွဲလုပ် ဖို့ အားလုံး လုပ်ပေးမယ်တဲ့။ ဆိုလိုတဲ့ သဘောကတော့ သူတို့ဆီမှာ အလုပ်လုပ်ရမယ်ပေါ့။ အဲ့လိုသပြာတယ် လခ ကိစ္စတော့ ဘားမှမပြောတော့ ယုံရမှာ ခက်လန့်လန့်ဘဲဗျာ။ အလုပ်မြန်မြန်ပြီးအောင် အလုပ်ပေးမယ်ဆိုပြီး မျှားနေသလိုဘဲ။ ဘာပဲဖြစ်ဖြစ် ပြီးအောင်တော့ လုပ်ရမှာပေါ့။ ဒါပေမယ့် အခုလောလောဆယ်တော့ ကျောင်းမှာ စာမေးပွဲရှိတော့ ဒီလအကုန် အထိ မလုပ်အားသေးဘူးလို့ ပြောထားလိုက်တယ်။ သိပ့်သဘောမကျ တဲ့ ပုံဘဲ။ မတတ်နိုင်ဘူးလေ လုံးဝကို အချိန်အပေးနိုင်ဘူး။ ဒီလက သောက်ရမ်း အလုပ်ရှုပ်တယ်ဗျ။

ဘာပဲဖြစ်ဖြစ် freelance လုပ်ရတာ ဆိုးတော့ မဆိုးပါဘူး။ တော်တော်လေး တွေ့အကြုံရတယ်။ နောက်ပိုင်း နည်ပညာ အသစ်တွေ စမ်းရင်းနဲ့ ပရောဂျက် ကောင်းကောင်းလေး ရရင် တော့ လုပ်ချင်သား။ လုပ်ချင်တာက ရတဲ့ ပိုက်ဆံကလည်း မနည်းဘူးလေ။ အချိန်နဲ့ယူမယ်ဆိုရင် အနည်းဆုံး $10-$20 ကြားမှာရှိတယ်။ phase လိုက် ယူမယ်ဆိုရင် ကျွန်တော်ကတော့ အနည်းဆုံး phase 3-4 လောက်လုပ်လိုက်တယ်။ ပြီးရင် တစ်ခုကို $200 လောက်တောင်းတယ်။ အချိန်ကို နည်းနည်းများများ တောင်းပြီးတော့ ပိုက်ဆံကို လျှော့တောင်းရင်လည်းရတယ်။ အခုကျောင်းတတ်နေတုံးဆိုတော့ အဲ့လိုလုပ်တာ ပိုပြီးကောင်းတယ်။ နောက်ပိုင်းတော့ ရရင် ရသလို့ ကြိုးစားပြီး လုပ်မယ်။

နောက်ဆုံးတစ်ခုက ကျွန်တော် .NET, C# WP8 အပိုင်း အားရင် အားသလို စမ်းလုပ်ဖြစ်တယ်။ ကျောင်းမှာက php, java လောက်ဘဲ သင်ပေးတယ်။ android လည်း ကိုယ့်ဟာကို ဘဲလေ့လာပြီး လုပ်ဖြစ်သွားတယ်။ အခုတော့ Microsoft အပိုင်း ကြိုးစားပြီး လိုက်စားနေတယ်။ ကျွန်တော့ အသိတော်တော်များများ က သူတို့လုပ်တဲ့ company တွေက C#, .NET အဲ့ဒါတွေဘဲသုံးတော့ ကျွန်တော့ကို အလုပ်ပြောပေးဖို့ နည်းနည်းခက်တယ်လေ။ အဲ့ဒါကြောင့် ကြိုးစားပြီး အလုပ်ရအောင် လုပ်နေရတာ။ ကျောင်းတတ်တုံးကတော့ ပျော်ပျော်ပါးပါးဘဲ၊ ကျောင်းပြီးတော့မှ စိတ်ညစ်ချင်လာတယ်၊ ရင်လေးပြီး အလုပ် မရမှာဆိုးလာတယ်။ မရ ရအောင်တော့ လုပ်ရမှာဘဲ။ အလုပ် ပေးဖို့ရှိရင်လည်း ပြောပေးပါဗျာ။ ကျွန်တော် တတ်တာတွေကို နောက်မှ အသေးစိတ် portfolio လုပ်ပြီးတင်ပါ့မယ်။ အခုတော့ resume အပြီးရေးပြီး အလုပ်စ ရှာပါတော့မယ်။

ကျေးဇူးတင်ပါတယ်။
အိုင်တီချစ်ချစ်(အဲ့မှားလို့ ကိုကို ပါ)