အမှတ်တရ မြန်မာပြည်

ဒီတစ်ခါ မြန်မာပြည်ကို ပြန်လိုက်ရတာ တော်တော်လေး ပျော်ခဲ့ရပါတယ်။ မပြန်တာက ကြာပြီဆိုတော့ ဟိုရောက်တော့ တိုးတတ်ပြောင်းလဲမှုတွေတွေ့လိုက်ရတော့ တော်တော်လေး အံအားသင့် ခဲ့ရပါတယ်။ ရောက်တာနဲ့ ကိုယ့်အထုပ်တွေယူပေးမဲ့သူတွေ အရင်တုန်းကလို မများတော့ဘူးဆိုပေမယ့် ရှိသေးတယ်။ ကူညီတာမဟုတ်ပါဘူး၊ သူတို့က ငွေကိုလိုချင်လို့ လုပ်နေတာပါ။ အချောင်ငွေရတဲ့ အလုပ်လေ။ အထုပ်လေးတွေ ဝိုင်းသယ်ပေးပြီးတော့ ကျွန်တော့ဆီက ဒေါ်လာတောင်းတယ်။ စလုံးကပြန်လာတာလား၊ ၅ကျပ်လောက်ပေးခဲ့ပါတဲ့။ အမှတ်တရအနေနဲ့ဆိုပြီးတောင်းတယ်။ မတတ်နိုင်ဘူးလေ မြန်မာငွေ ၁၀၀၀ ပေးလိုက်တယ်။ ၃ယောက်ရှိလို့တဲ့ ၃၀၀၀ တောင်းတယ်။ ၂၀၀၀ပေးလိုက်ရတယ်။ မတတ်နိုင်ဘူးလေ…

အိမ်ပြန်ရောက်တော့ ကျွန်တော်တို့ အိမ်လေးက ဒီအတိုင်းလေးဘဲ။ သူများတွေအိမ်တွေကတော့ အပြောင်းလဲကြီး ပြောင်းလဲသွားတယ်။ ရပ်ကွက်ထဲက လမ်းတွေ၊ အိမ်တွေ၊ လူတွေ တော်တော်လေး တိုးတတ်သွားတယ်။ အားလုံးနီးပါး တိုက်နဲ့ ကားတွေဖြစ်ကုန်ကြပြီလေ။ ကလေးတွေက ကြီးပြီး ဆေးလိပ် သောက်တဲ့သူကသောက်၊ ကော်ဖီဆိုင် ထိုင်တဲ့သူကထိုင်၊ Beer ဆိုင်သွားတဲ့သူကသွားနဲ့ အရင်တုန်းက သိခဲ့၊ မြင်ခဲ့တဲ့ ကလေးတွေ လုပ်ချင်တာတွေလုပ်နေကြတယ်။ အော် အော် မြန်မာနိုင်ငံမှာ လူတွေတော်တော် အချိန်များကြပါလား။ လူအများဆုံးဆိုင်ကတော့ Beer ဆိုင်ပဲ။ အများဆုံးဆိုင်တွေကလဲ Beer ဆိုင်တွေပဲ။

အိမ်ရောက်ပြီး မကြာပါဘူး ညနေကြတော့ ညကားနဲ့ မေမြို့သွားမယ်ဆိုတော့ ပြင်ဆင်စရာလေးတွေ ပြင်ပြီးတော့ ကားဂိတ်ကို ထွက်လာခဲ့ပါတယ်။ အောင်မင်္ဂလာ ကားဂိတ်ကတော့ အရင်အတိုင်းဘဲပေါ့။ ကားလိုင်းတွေများသလိုတော့ ရှိတယ်။ ကားရတာနဲ့ ကားပေါ်တတ်ပြီး အေးအေးဆေးဆေး အနားယူပြီး ခဏကြာတော့ ကားထွက်သွားပါတယ်။ နေပြည်တော် လမ်းသစ်ကြီးကနေသွားတယ်။ ကားပေါ်မှာဆို အိပ်တတ်တဲ့ ကျွန်တော် ကောင်းကောင်းအိပ်မပျော်ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ကားပေါ်မှာ ပြနေတဲ့ မြန်မာကားကြောင့်ပါ။ ဝတ်မှုံရွှေရည် ကားပါ။ (များလိုက်တဲ့ ပဲ) စကားပြောတာ ကအစ ပဲပေးပြီးပြောတယ်။ အော် အော်။ မတတ််နိုင်ဘူးလေ… သူ့ပုံစံနဲ့ သူဘဲဆိုပြီး ပြီးတဲ့အထိ ကြည့်ပြီးတော့ ခဏကြာတော့ ကားနားတဲ့ နေရာရောက်နေပါပြီ။ အရမ်းမိုက်တယ်… ဆိုင်တွေက အများကြီး၊ စားစရာတွေ ဆုံပြီး မီးတွေကလင်းထိန်နေတဲ့ စားသောက်ဆိုင်တန်းကြီးကို ရောက်တော့ ဗိုက်ဆာနေတာနဲ့ ကောင်းကောင်းတွယ်လိုက်တာ ၅၀၀၀ ကျော်လောက် ကုန်သွားတယ်။

ဆက်ရန်။