ဟိုမရောက်ဒီမရောက်

အလုပ်များနေတာနဲ့ ဘလော့မှာ ဘားမှတောင် မတင်ဖြစ်တော့ဘူး။ အိမ်ကလူတွေနဲ့လည်း ကောင်းကောင်း စကားမပြေဖြစ်တာကြာနေပြီ။ သူတို့က အလုပ်လုပ်နေတော့ မနက်စောစောဆို အားလုံးအိမ်က ထွက်ကြတယ်။ ကျွန်တော်က part-time အလုပ်ဆိုတော့ များသောအားဖြင့် နေ့ခင်းလောက်ကနေ ည ၁နာရီ ၂နာရီလောက်မှ ပြန်ရောက်တယ်။ အမှန်တိုင်ပြောရရင် အခန်းမှာအတူတူနေတဲ့ ကျွန်တော်သူငယ်ချင်နဲ့တောင် ဘားမှပြောချိန်မရဘူး။ အရေးထဲ ဖုန်းကပျက်သွားတယ်။ ဘားမှမလုပ်ရသေးဘဲနဲ့ ပျက်သွားတယ်။ ဆိုင်မှာသွားပြတော့ motherboard လဲရမယ်တဲ့ $300ကျော်လောက်ပေးရမယ်ဆိုတော့ ဘားမှမပြောတော့ဘဲ ပြန်ယူလာခဲ့တယ်။ အဲ့ဒါနဲ့ ဘားမှကိုင်စရာဖုန်းမရှိဘဲနဲ့ တစ်ပတ်လောက် ဒီအတိုင်းနေလိုက်သေးတယ်။ ပြီးတော့မှာ အသိတစ်ယောင်ဆီကနေ Nokia ဖုန်းသေးသေးလေး တစ်ခုတောင်းပြီး အခုကိုင်နေတယ်။ Starhub မှာ recontact လုပ်ဖို့က နည်းနည်းလိုသေးတော့ သူများဖုန်းလေးနဲ့ ကိုင်ပြီးနေရတော့မှာပေါ့။

အခုကျောင်းပြန်ဖွင့်တော့ အချိန်ဇယားက တော်တော်လေးမိုက်တယ်။ မနက်ပိုင်းတွေကြီ:ဘဲ 8am-12pm တွေများတယ်။ တစ်နေကုန်တတ်ရတဲ့အတန်း မရှိသလောက်ဘဲ။ စောကြီးပြီးတယ်ဆိုလို့ အလုပ်လုပ်လို့ရမယ်လို့တော့ မထင်နဲ့ နောက်နေ့က မနက်မအခုကျောင်းပြန်ဖွင့်တော့ အချိန်ဇယားက တော်တော်လေးမိုက်တယ်။ မနက်ပိုင်းတွေကြီ:ဘဲ တွေများတယ်။ တစ်နေကုန်တတ်ရတဲ့အတန်း မရှိသလောက်ဘဲ။ စောကြီးပြီးတယ်ဆိုလို့ အလုပ်လုပ်လို့ရမယ်လို့တော့ မထင်နဲ့ နောက်နေ့က မနက်မအခုကျောင်းပြန်ဖွင့်တော့ အချိန်ဇယားက တော်တော်လေးမိုက်တယ်။ မနက်ပိုင်းတွေကြီ:ဘဲ တွေများတယ်။ တစ်နေကုန်တတ်ရတဲ့အတန်း မရှိသလောက်ဘဲ။ စောကြီးပြီးတယ်ဆိုလို့ အလုပ်လုပ်လို့ရမယ်လို့တော့ မထင်နဲ့ နောက်နေ့က မနက်မအခုကျောင်းပြန်ဖွင့်တော့ အချိန်ဇယားက တော်တော်လေးမိုက်တယ်။ မနက်ပိုင်းတွေကြီ:ဘဲ တွေများတယ်။ တစ်နေကုန်တတ်ရတဲ့အတန်း မရှိသလောက်ဘဲ။ စောကြီးပြီးတယ်ဆိုလို့ အလုပ်လုပ်လို့ရမယ်လို့တော့ မထင်နဲ့ နောက်နေ့က မနက်အစောကြီးဆိုတော့ လွယ်တော့မလွယ်ပါဘူး။

Project ကလည်း သိရပြီဆိုတော့ ကျောင်းစာတွေ များတော့မယ်ထင်ပါတယ်။ တခြားကိစ္စတွေ လုပ်တော့လုပ်ချင်တယ်။ ဒါပေမယ့် စိတ်ထဲမှာ ဘဲဖြစ်လာပြီး လက်တွေ့ကျွန်တော် မလုပ်နိုင်ဖို့များတယ်။ လူအများနဲ့ တွဲပြီးလုပ်တဲ့ အလုပ်တွေဆိုပိုဆိုးတာပေါ့။ ကျွန်တော့အခြေအနေက မလွယ်ဘူးလေ… စားဖို့၊ ကျောင်းလခ၊ စတာတွေ အတွက် ရှာနေရတယ်။ အချိန်များများ မပေးနိုင်ဘူးဗျာ။ Project ကတော့ Android ဘဲဖြစ်ဖို့များတယ်။ ကျွန်တော် အခုနောက်ပိုင်း အချိန်ရရင် ရသလို့ C# , .Net စတာတွေ လေ့လာဖြစ်တယ်။ Windows Mobile လိုင်းကူချင်လို့။ Java Logic ရှိတော့ လေ့လာရတာ အရမ်းတော့ မခက်ဘူး။ ခေါ်အဝေါ်မတူတာ လေးတွေတော့ နည်းနည်း ဒုက္ခရောက်တယ်။ နောက်ပိုင်းတော့ အဲ့အပိုင်းကိုဘဲ ဉီးစားပေးပြီးလုပ်ဖို့ရှိတယ်။ အခုချိန်မှာ လုပ်တဲ့သူနည်းသေပေမယ့် နောင်အချိန်မှာ ဘာဖြစ်လာမလဲဆိုတာ ပြောလို့မှ မရတာ။ ကျောင်းက ဆရာ တစ်ယောက် ပြောတာကိုလည်း ကြိုက်လို့ပါတယ်။ “လက်ရှိပေါ်ပင်တွေကို လိုက်နေရင် မင်းနောက်ကျသွားလိမ့်မယ်တဲ့၊ ကိုယ်သွားရမယ့်လမ်းက လူသွားလမ်းမဟုတ်ဘူးတဲ့ အပြေးပြိုင်လမ်းဆိုတော့ ပြေးနိုင်မှ ရမယ်။”

ဒီကြားထဲ စိတ်မကောင်းတာတစ်ခုက မြန်မာကျူတိုရီရယ်က ဇော်ဂျီပြောင်းသွားတယ်။ ဘာတွေဖြစ်လို့ အဲ့လိုတွေဖြစ်သွားလည်းတော့ မသိဘူး။ ကျွန်တော်သိတာကတော့ “အားလုံးမညီညွတ်ရင် ဘားမှဖြစ်လာမှာမဟုတ်ဘူး” ဒါပေမယ့် မတူညီတဲ့ အားပြိုင်မှုတွေကြောင့် တိုးတတ်လာနိုင်တဲ့ အခြေအနေဖြစ်သွားနိုင်တယ်ဆိုတာ လည်းရှိသေးတာဘဲ။ ဘာနဲ့ရေးရေး စာကတော့ စာပါဘဲ။ ဖတ်လို့ရရင် မြန်မာစာပါဘဲ။ မှန်ကန်တဲ့ စနစ်ကို လိုက်နာရမယ်လို့ လိုက်ပြောနေရသေးရင် အဲ့စနစ်က မအောင်မြင်နိုင်သေးပါဘူး။ မှန်တယ်လို့ ထင်ရင် ဆက်လုပ်ပါ။ သူ့အလိုလို လူတွေလိုက်နာပါလိမ့်မယ်။ မလိုက်နာတဲ့ သူတွေကို အပြစ်တင်လို့မရသလို့ မင်းမလိုက်နာရင် မင်းမှာနေပြီလို့ သွားပြောလို့မရဘူးလေ…