မြန်မာလို ကောင်းကောင်း ရေးလို့ရပြီ။

အခုပိုစ့်ကိုကျွန်တော် Nexus 7 ကနေတင်လိုက်တာပါ။ Android မှာ Unicode keyboard ရှိပြီးသားပါ၊အရင်တုန်းကဖောင့်မရတာနဲ့မသုံးရတာ၊ အခုတော့ကောင်းကောင်းရေးလို့ရသွားပြီ။ ရေးစမရှိသေးတော့နည်းနည်းတော့ ရေးရခက်တယ်၊ နောက်တော့ အကျင့်ပါသွားမှာပါ။ကီဘုတ် ကောင်ကောင်းလေး ရှိရင်တော့ပိုကောင်းတာပေါ့။

ဘာဘဲဖြစ်ဖြစ်… အရင်ကလို လေးထောင့်တုန်းတွေ မမြင်ရတာကိုဘဲ ကျေးဇူးတင်နေပြီ။ အရင်တုန်းက Windows မှာမြန်မာလို ပါရင်ပြောင်းမယ်၊ ဖုန်းမှာမြင်ရရင် ပြောင်းမယ်ဆိုသူများ….
ပြောင်းပြီးပြီလားဗျာ.?? ဘာလိုလိုနဲ့ မြန်မာကျူတိုရီရယ်ဆိုဒ် မဝင်တာတော်တော်ကြာသွားပြီ၊ ဇော်ဂျီပြောင်းပြီးကတည်းက ဆိုပါတော့။ ဟိုတခါက ဖိုရမ်ဖြစ်သွားတုန်းကတော့ တခါဝင်ဖြစ်တယ်… အရင်လို မဟုတ်တော့ မကြိုက်တော့ဘူး…

image