ဖုန်းဘယ်မှာ ဝယ်ရင်ကောင်းမလဲ? (စင်္ကာပူ)

ကျွန်တော်ဖုန်းပျက်သွားတုန်းက ဖုန်းအလွတ်(no contract) လိုက်ဝယ်မယ်ဆိုပြီး လိုက်ရှာတာ နောက်ဆုံး ကောင်းဆုံးနဲ့ ဈေးမနည်းဆုံး ဆိုင် ၂ ဆိုင်တွေ့တယ်။ အွန်လိုင်းပေါ်မှာ ကြိုက်တဲ့ ဖုန်းကို ကြည့်ပြီး ဆိုင်မှာ သွားဝယ်လိုက်ပေါ့။ ကျွန်တော်ကတော့ အဲ့လိုဘဲလုပ်တယ်။ ဆိုင်မှာသွားကြည့်ပြီးမှာ ဝယ်မယ်ဆိုရင် သူတို့က သေသေချာချာ ရှင်းပြမှာမဟုတ်ဘူး။
ပထမဆုံးဆိုင်ကတော့…
http://www.whymobile.com/home.php
နောက်တစ်ခုကတော့…
http://www.mobilesquare.com.sg

နှစ်ဆိုင်လုံးက ဈေးတူတူပါဘဲ ဆိုင်နေရာလည်း အရမ်းမကွာဘူး။ တခြားဆိုင်တွေနဲ့ ရှင်လိုက်ရင် ၅၀လောက် ဈေးကွာတယ်။ အဲ့ဒါကြောင့် ဖုန်းဝယ်ချင်တယ်ဆိုရင် အပေါ်က ဆိုင်နှစ်ဆိုင်ကို အရင်ဆုံးဈေး ကြည့်ပြီးမှ တခြားဆိုင်တွေမှာ ဝယ်ပါ။ သေချာတာကတော့ ဈေးကွာနေတာ တွေ့ရပါလိမ့်မယ်။

ကျွန်တော့အတွေ့အကြုံလေးနဲ့ သိတာလေးတွေ ရေးထားတာပါ။ တခြားကောင်းတဲ့ဆိုင်တွေ ရှိတယ်ဆိုလည်း ကွန်မန့်မှာ ရေးခဲ့လို့ရပါတယ်။

အိုင်တီကိုကို