Add Me!Close Menu Navigation
Add Me!Open Categories Menu

Just tired:-( but fun!

I was super busy during these days because of my school projects and working part time job. Actually working part time job is not that busy as doing projects. That projects make me so stressful and lost in unknown fields which is Android programming. However i will never give up [...]

18 May
Posted in Photography

Best Photographic Composition Techniques Part #3

အပိုင်း ၁ Rule of Thirds နှင့် အပိုင်း ၂ Active Space ကို ရေးပြီးပါပြီ။ Framing Your Shots ကျွန်တော်လည်း Project ကိစ္စရှုပ်နေတာနဲ့ ဓါတ်ပုံတောင် ကောင်းကောင်း မရိုက်ဖြစ်သလို ရေးလည်း မရေးနိုင်ဘူး။ ဒီနေ့တော့ ရေးလက်စနဲ့ ပြီးအောင် ဆက်ရေးလိုက်တယ်။ ဒီ အပိုင်း ၃ မှာတော့ ကျွန်တော် Framing အကြောင်းကို သိသလောက် ရေးချင်ပါတယ်။ Framing လုပ်တယ်ဆိုတာက ကိုယ်ပြချင်တဲ့ အရာတစ်ခုကို ကြည့်တဲ့သူတွေ မြင်သာအောင် ဓါတ်ပုံထဲမှာ ပေါလွင်အောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကိုယ်မပြချင်တဲ့ အရာတွေကို ဖုံးထားပြီး၊ [...]

18 May
Posted in Android

Android App Development

ကျွန်တော် ပထမဆုံးအနေနဲ့ Android App တစ်ခုကို အခု ရေးနေတယ်။ ပြိုင်ပွဲတစ်ပွဲ အတွက် ဝင်ပြိုင်ရင်း ကျောင်းက Project အတွက်ပါ အဲ့ဒါကိုဘဲ ယူပြီး အခုလုပ်နေတယ်။ စနေတာကတော့ တော်တော်လေး ကြာနေပြီ။ အစပိုင်း လတွေမှာက Idea ကိုဘဲ စဉ်းစားတော့ Development အပိုင်းကို အလေးမထားမိသလို စာအုပ်တွေ သေသေချာချာ လိုက်မဖတ်မိဘူး။ အထူးသဖြင့် Android native app development ကို သေသေချာချာ မသိခဲ့ဘူး။ အဲ့အချိန်တုန်းက ဘာ App ရေးမယ်ဆိုတာ သေသေချာချာ မသိသေးတာကြောင့်လဲပါတယ်။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် Web App ကို ပိုအားသန်တယ်။ [...]

Mother’s Day

ဒီနေ့က အမေများနေ့ လိုဆိုကြတယ်။ နိုင်ငံတကာ ကတော့ အမေများနေ့ကို အတိအကျ သတ်မှတ်တယ်လို့တော့ မရှိပါဘူး။ ကျွန်တော်တို မြန်မာနိုင်ငံမှာတော့ အမေများနေ့ကို မေလရဲ့ ဒုတိယ အပတ် တနင်္ဂနွေနေ့ကို သတ်မှတ်ထားပါတယ်။ ဒီနေ့က အမေများနေ့ဖြစ်လို့ ထူးခြားပြီး အမေတွေပြောတာတွေ နားထောင်မယ်။ အဝေးရောက်နေတဲ့ အမေကို ဖုန်းဆက်ပြီး ရှိခိုးမယ်။ စတာတွေလုပ်တာ ကောင်းပါတယ်။ အဲ့လိုလုပ်တာလေးတွေကို အွန်လိုင်းပေါ်တင်တာ ဘာဖြစ်လဲ။ သူလုပ်သလို သူများတွေကို လုပ်ဖြစ်အောင်၊ လုပ်ချင်အောင် တိုက်တွန်းတယ်လို့ မှတ်လိုက်လေ။ သူ့ဘာသာသူတင်တာ ကိုယ်က သွားပြီး မကောင်းသွားပြောတာ မကောင်းဘူးလေ။ “အခုလိုနေ့မျိုးမှာဘဲ အမေ့ကိုသတိရတယ်။” ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သူများကို ထိခိုက်အောင်လုပ်တာကတော့ ကျွန်တော့အမြင်တော့ မဖြစ်သင့်ဘူးထင်တာဘဲ။ [...]

Korea Acapella Songs

သူငယ်ချင်းတစ်ယောက် facebook မှာတင်ထားတာလေးတွေ့ပြီး ကြိုက်လို့ ပြန်ပြီး တင်လိုက်တာပါ။ ကိုရီးယား နာမည်ကြီး သီချင်တွေပါ။ ဘယ်လိုမှ မထင်ထားတဲ့ ပုံစံမျိုးတွေနဲ့ ဆိုထားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အသက်ကြီးတဲ့ သူတွေဆိုထားတာဖြစ်လို့ ခံစားမှုတစ်မျိုးလေးဖြစ်သွားအောင် တင်လိုက်တာပါ။ အခုရက်ပိုင်းတွေမှာ အလုပ်တွေများနေလို့ စာကောင်းကောင်းမရေးဖြစ်ဘူး။ ရန်ကုန်ပြန်တုန်းက ရေးထားတဲ့ ပိုစ့်တွေကိုတောင် ကောင်းကောင်းပြန်ပြီး မတင်နိုင်သေးဘူး။ ဓါတ်ပုံတွေဆို ဒီအတိုင်းဘဲထားထားတယ်။ ကွန်ပျူတာထဲတောင် မထည့်နိုင်ဖြစ်နေတယ်။ အလုပ်ရှုပ်တာက တစ်ဝက်၊ ပျင်းတာက တစ်ဝက်ပေါ့ဗျာ။ အလုပ်ရှုပ်တာကတော့ Android App တစ်ခုပြီးအောင်ရေးနေရလို့ပါ။ ပြိုင်ပွဲတစ်ပွဲအတွက်ပါ။ နောက်လလောက်တော့ အချောသပ်ပြီးမှ ဖြစ်မယ်ဗျ။ အောက်မှာ ကြည့်ပြီး ကိုရီးယား သီချင်းကြိုက်တဲ့ သူများ ပျော်ရွှင်နိုင်ပါစေ။ PS. ကျွန်တော် [...]